ကုလသမဂ္ဂ ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီက အန်တိုနီယိုဂူတာရက်စ်အား အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ဇွန် ၈ ရက်တွင် ထောက်ခံအတည်ပြုလိုက်ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းဌာနက ကျင်းပပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၁ ခုနှစ်၌ ဒေသန္တရ ကျန်းမာရေးစင်တာ တည်ဆောက်သည့် အတိုင်းအတာကို ပိုမိုတိုးချဲ့သွားမည်ဖြစ်ပြီး အနောက်အလယ်ပိုင်းဒေရှိ ဆေးဝါးကုသမှုအရင်းအမြစ် မလုံလောက်မှုရှိသည့် ပြည်နယ်များကို ထည့်သွင်းစမ်းသပ်မှုပြုလုပ်သွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်...
အစ္စလာမ်မာဘတ် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရထားနှစ်စင်း တိုက်မှုတွင် သေဆုံးသူအရေအတွက် ၆၂ ဦး ထိ မြင့်တက်သွားပြီးဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ယနေ့ ဇွန် ၈ ရက်တွင်...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ပင်းတယမြို့နယ်မှဒေသထွက်စိန်တစ်လုံးသရက်သီးများကို စင်ကာပူနိုင်ငံသို့ မေလကုန်မှ စ၍ ပြန်လည်တင်ပို့နိုင်ခဲ့ပြီး ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယနေ့ ဇွန် ၈ ရက်တွင်ပြောသည်။
ထရီပိုလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၅၅၇ ဦးကို လွန်ခဲ့သည့်သီတင်းပတ်က လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းတွင် ကယ်တင်ခဲ့ရပြီး လစ်ဗျားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်က ရိုက်ကူးထားသော ဓာတ်ပုံအသစ်တစ်ပုံကို ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံတွင် ဂြိုဟ်နီကြီး၏ မျက်နှာပြင်ပေါ်သို့ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်နှင့် ဂြိုဟ်ပေါ်ဆင်းသက်သည့် ပလက်ဖောင်းကို ပြသထားကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Washuk ခရိုင်၌ ဇွန် ၇ ရက် ညနေပိုင်းက ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားလူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသမီဒီယာနှင့်...
ပဲရစ် ၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဈေးကွက်ပြိုင်ဆိုင်မှုကိစ္စရပ်များ ကြီးကြပ်ရေးဌာန က ဇွန်လ ၇ ရက်၌ သတင်းထုတ်ပြန်ချက် ပြုလုပ်ရာတွင် အင်တာနက် ကြော်ငြာဈေးကွက် အလွဲသုံးစားပြုလုပ်မှုဖြင့် အမေရိကန်နိုင်ငံ Google ကုမ္ပဏီ အား ဒဏ်ကြေး ယူရိုငွေ သန်း ၂၂၀...
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) ရုရှားအာကာသအေဂျင်စီကို ဦးတည်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းလျှင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှား နုတ်ထွက်မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသစူးစမ်းလေ့လာရေးဌာန၏ တာဝန်ခံက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇွန် ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က ကိုလံဘိုဆိပ်ကမ်းမြို့အား အရေးပါသည့် ဝန်ဆောင်မှုလုပ်ငန်း အချက်အချာအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး မှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆိပ်ကမ်းမြို့တွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို အသုံးချရန် မျှော်လင့်ကြောင်း ဇွန်လ ၇...