Connect with us

News

တရုတ်နိုင်ငံခရီးစဉ်က “ကာလရှည်မျှော်လင့်ထားခဲ့ရသော ခရီးစဉ်” ဖြစ်ကြောင်း ဥရုဂွေး သမ္မတပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၊ မြောက်ဘက်ခန်းမတွင် သမ္မတ ရှီကျင့်ဖိန်က ဥရုဂွေးနိုင်ငံ သမ္မတ Luis Alberto Lacalle Pou အား အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဤခရီးစဉ်က “ကျွန်တော် အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ ခရီးစဉ်ပါပဲ” ဟု တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဥရုဂွေးနိုင်ငံ သမ္မတ Luis Alberto Lacalle Pou က ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ယခုနှစ်သည် တရုတ်နှင့် ဥရုဂွေး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်သော အချိန်အခါလည်းဖြစ်သည်။လွန်ခဲ့သော ၃၅ နှစ်အတွင်း နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုသည် သိသာထင်ရှားသော တိုးတက်မှုရှိခဲ့ကြောင်း Lacalle က ဆိုသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Luis Alberto Lacalle Pou တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အစိုးရဝန်ထမ်း ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်း နှစ်နိုင်ငံဆက်ဆံရေးက အဆင့်ဆင့်တိုးတက်နေသလို နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကလည်း ဆက်လက်နက်ရှိုင်းနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် Lacalle တို့ နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။နှစ်နိုင်ငံ ခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး အဖြစ် အဆင့်မြှင့်တင်ကြောင်း ကြေညာခဲ့သည်။
ဆွေးနွေးပွဲပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်များနှင့် စပ်လျဉ်းသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့ကြသည်။

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော Lacalle ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ထို့ပြင် သမ္မတ ရှီက အဆိုပြုထားသော လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး သဘောထား၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်အကြောင်း ဆွေးနွေးခဲ့ကြရာတွင် Lacalle က လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး သဘောထားသည် နှစ်နိုင်ငံပြည်သူများကို ပိုမိုရင်းနှီးမှုရှိစေရန် ဆောင်ကြဉ်းပေးနိုင်မည်ဟု မှတ်ချက်ပြုခဲ့သည်။ဥရုဂွေးနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်မှုကို အခိုင်အမာစောင့်ထိန်းလျက်ရှိကြောင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် ကတိပြုထားကြောင်း ဥရုဂွေး သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
Interview: China visit something he has been “anticipating for a long time,” says Uruguayan president
BEIJING, Nov. 25 (Xinhua) — This is a visit that “I’ve been anticipating for a long time,” Uruguayan President Luis Alberto Lacalle Pou, who paid a state visit to China, said in an exclusive interview with Xinhua here on Thursday.
This year marks the 35th anniversary of the establishment of diplomatic ties between China and Uruguay.
Lacalle said that in the past 35 years, the relationship between the two countries has made significant progress.
“Despite changes in government personnel, bilateral relations continue to evolve, and political mutual trust continues to deepen,” he said.
Chinese President Xi Jinping held talks with Lacalle in Beijing on Wednesday.
The two heads of state announced the elevation of bilateral relations to a comprehensive strategic partnership.
After the talks, the two heads of state witnessed the signing of the Belt and Road cooperation plan, and bilateral cooperation documents related to such fields as trade and investment, the digital economy, green development, agriculture, health, education, culture, scientific and technological innovation.
During Lacalle’s visit to China, the two sides issued a joint statement on the establishment of a comprehensive strategic partnership.
Talking about the concept of the building of a community with a shared future for humanity and the Global Development Initiative, the Global Security Initiative and the Global Civilization Initiative proposed by Xi, Lacalle pointed out that the concept of building a community with a shared future for mankind will bring the two peoples closer.
The Uruguayan president further said both Uruguay and China firmly safeguard multilateralism and free trade, and are committed to promoting world peace and stability.
Photo 1: Chinese President Xi Jinping holds a welcoming ceremony for Uruguayan President Luis Alberto Lacalle Pou in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, Nov. 22, 2023. (Xinhua/Liu Bin)
Photo 2: Chinese President Xi Jinping holds talks with Uruguayan President Luis Alberto Lacalle Pou, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, Nov. 22, 2023. (Xinhua/Yue Yuewei)