Connect with us

Culture

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှော ဖလှယ်ရေးအဖွဲ့တို့ ပူးပေါင်းလှူဒါန်းသော ကထိန်အလှူတော် အခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့တို့ ပူးပေါင်းလှူဒါန်းသော ကထိန်အလှူတော်အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ နိုတင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရနှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များအပါအဝင် ပင့်ဖိတ်ထားသည့်ဆရာတော်များ ၂၁ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှု၏ အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်ကာ ယခုအကြိမ်အခမ်းအနားမှတစ်ဆင့် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုအား မြှင့်တင်ရန်မျှော်လင့်ကြောင်း၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံအေးချမ်းသာယာဝပြောပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေကြောင်း ထပ်မံဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.