ဟာဗားနား၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံရှိ လူဦးရေ ၂ သန်းကျော်နေထိုင်သော ဟာဗားနားမြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းကို မေလ၌ စတင်ရန် ကျန်းမာရေးအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
နယူးရောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဈေးကွက်အတွင်း နောက်ဆုံးရအချက်အလက်များအား ဆန်းစစ်ချက်အရ ဧပြီ ၂၂ ရက်နှောင်းပိုင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာမှာ အမြင့်ဘက်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
ဒမားစကပ် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဆီရီးယားနိုင်ငံက ဧပြီ ၂၂ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သော COVAX အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်ဆေးအခုရေ ၂၀၃,၀၀၀ လက်ခံရရှိ ခဲ့ကြောင်း သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂...
ဘန်ကောက် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ပြည်တွင်းကူးစက်မှုများ ဆက်လက်မြင့်တက်ခြင်းနှင့်အတူ ဧပြီ ၂၂ ရက်တွင် COVID-19 လူနာသစ် ၁,၄၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကျော်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC) အရ သိရသည်။
ရီယိုဒီဂျနရို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသည့်လူနာ ၃,၄၇၂ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၃၈၁,၄၇၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင်ပြောသည်။
တိုကျို ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏စာရင်းပြုစုချက်အရ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် ၂၀ နာရီအချိန်ထိ ဂျပန်နိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၂၉၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၄၇,၅၄၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့်ထပ်မံသေဆုံးခဲ့ရသူ...