Connect with us

Environment, Disasters & Accidents

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော အရေအတွက် ၃ ခု၊ ဧကပေါင်း ၄၅,၄၉၃ ဧကဖွဲ့စည်းသတ်မှတ်ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ “မစန်းပါး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”ကို တွေ့ရစဉ် (ဓာတ်ပုံ- သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော အရေအတွက် ၃ ခု၊ ဧကပေါင်း ၄၅,၄၉၃ ဧကသတ်မှတ်ပြီးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၇ ရက်တွင်ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ “မစန်းပါး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”ကို တွေ့ရစဉ် (ဓာတ်ပုံ- သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)

ဒေါ်ဇင်မာထွန်းက “ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေ ဖွဲ့စည်းရတာကတော့ သဘာဝ သယံဇာတတွေ ထိန်းသိမ်းရမယ်ဆိုတဲ့ မူဝါဒက ရှိပြီးသား။ ၂၀၀၁-၂၀၀၂ ခုနှစ်ကစပြီး ၂၀၃၀-၂၀၃၁ အထိ နိုင်ငံဧရိယာ ရဲ့ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေ ဆောင်ရွက်မယ်ဆိုတဲ့ target ရှိတဲ့အတွက် ကြိုးပမ်းဆောက်ရွက်နေပါတယ်” ဟုပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၉၆၂) ဧကရှိသောနယ်မြေကို “မစန်းပါး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် ၂၀၂၃ ခုနှစ်၊ဩဂုတ် ၃၀ ရက်မှစ၍သတ်မှတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၀,၅၁၁) ဧကရှိသော နယ်မြေကို “နန်ယုတ် ကြိုးပြင်ကာကွယ်တော” ၂၀၂၃ ခုနှစ်၊ဩဂုတ် ၃၀ ရက် မှစ၍သတ်မှတ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၀၂၀) ဧကရှိသော နယ်မြေကို “ကောင်းခါး ကြိုးပြင်ကာကွယ်တော”အဖြစ် ၂၀၂၃ ခုနှစ်၊ဩဂုတ် ၃၀ ရက် မှစ၍သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော အရေအတွက် ၁၉ ခု၊ ဧရိယာ ၈၉,၅၅၄.၅၇ ဧက ကို ဖွဲ့စည်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းတည်ထောင်မှု စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ၄၃,၂၄၂,၇၀၂ ဧကကို ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)