Connect with us

Sino-Myanmar

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အားကစားသမားများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က “အားကစားနည်း ခုနစ်မျိုးက အားကစားသမားများ၊ နည်းပြများ၊ အသင်းမန်နေဂျာများ အပါအဝင် အဖွဲ့ဝင် ၁၇၃ ဦးကို စေလွှတ်သွားမှာပါ” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

အဆိုပါအားကစားသမားများတွင် အမျိုးသား ၆၃ ဦးနှင့် အမျိုးသမီး ၄၈ ဦး ပါဝင်မည်ဖြစ်ပြီး ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ရိုးရာလှေ၊ e-sports ၊ မြားပစ်နှင့် ပိုက်ကျော်ခြင်း အစရှိသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသည် တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲဖြစ်သောကြောင့် ကြီးကျယ်ခမ်းနားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပခဲ့သည့် ပွဲများမှာ ကြီးကျယ်ခမ်းနားကြောင်း ဦးခွန်ဂျာအောင်က ဆိုသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသည် နိုင်ငံနှင့် ဒေသပေါင်း ၄၅ ခုမှ အားကစားသမား ၁၂,၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အားကစားနည်း ၄၀ မှ ပြိုင်ပွဲ အမျိုးအစား ၄၈၁ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း၊ ဝူရှူးနဲ့ ရိုးရာလှေပြိုင်ပွဲတွေကနေ ဆုတံဆိပ်တွေရမယ်လို့ မျှော်လင့်ထားပါတယ်။ ၂၀၁၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဝူရှူးနဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကနေ ဆုတံဆိပ်နှစ်ခု ရရှိခဲ့ပါတယ်” ဟု ဦးခွန်ဂျာအောင်ကပြောသည်။

အဆိုပါ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)