ကွာလာလမ်ပူ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင် နှင့် မလေးရှားသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့သည် စက်တင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Matt Hancock က အကယ်၍ ထောက်ခံအတည်ပြုချက်ရရှိပြီးပါက လာမည့် ၂၀၂၁ ခုနှစ် ပထမလပိုင်း အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို “ ရရှိဖို့ အလွန်ဖြစ်နိုင်ကြောင်း” စက်တင်ဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၉၂ ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၆၁၀ ဦးထိ ရှိလာခဲ့ကြောင်း...
ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉ ဦး အပါအဝင် လူနာသစ် ၅၄ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌...
ဟနွိုင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာပင် စာသင်နှစ်သစ်အတွက် နိုင်ငံအတွင်းရှိကျောင်းများကို စက်တင်ဘာ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားပေါင်း ၂၃ သန်းနီးပါးသည် ၎င်းတို့၏ စာသင်ကျောင်းများသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် စက်တင်ဘာ ၆ ရက်က နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း မြို့နေပြည်သူပေါင်း ၁ သိန်း ၈ သောင်းခန့်ကို ရပ်ရွာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးရေး အစီအစဉ်ဖြင့်...
ပေကျင်း၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ တစ်နိုင်ငံလုံး ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ဆောင်းဦးလလယ် လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် အပြင်ထွက်သွားလာခြင်းကို လျှော့ချရန်နှင့် အခြားဒေသသို့ သွားရောက်၍ ဆွေမျိုးမိတ်ဆွေများနှင့်ဆုံစည်းခြင်းကို ရှောင်ရှားကြရန် တောင်ကိုရီးယားနိုင်ငံ အစိုးရက စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၀,၈၀၂ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁,၀၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ၆ လကြာ ကျောင်းပိတ်ထားခဲ့ရပြီးနောက် ယနေ့စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဟဲဖေ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ရထားတည်ဆောက်ရေးကုမ္ပဏီထံမှ ရထား ၇၂ စင်းကို မှာယူခဲ့ကြောင်း CRRC Puzhen Bombardier Transportation Systems Co., Ltd.(PBTS) က ဆိုသည်။