Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ) မှ ဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရ

မော်လမြိုင်မြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဇွန် ၈ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ) မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမျိုးမင်းထွဋ် သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ) ၏ ဇွန် ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးမျိုးမင်းထွဋ်သည် ရုံးမှ နေအိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း၊ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေကို အတိအကျမသိရှိရသေးကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဦးမျိုးမင်းထွဋ် မှာ အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ) သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)