ပြုံးယမ်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က တောင်ကိုရီးယားပေါ်သို့ မကြာမီကာလအတွင်း လက်ကမ်းစာစောင် ၁၂ သန်းကြဲချခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံက ကျူးလွန်ထားသော ပြစ်မှုများအား ပြန်လည်ပေးဆပ်ရန် လက်တုံ့ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) China Railway Guangzhou Engineering Group (CRECGZ)ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း Ban Nakokဥမင်လိုဏ်ခေါင်းသည် ဇွန်လ ၂၁ ရက်တွင် အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ကာတာနိုင်ငံမှ ပြန်လာသူ ၃ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၉၀ဦး ရှိလာခဲ့ကြောင်း သိရသည်။
ချန်းလီ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဟဲပေပြည်နယ် ချန်းလီခရိုင်ရှိ လွမ်ဟော်မြစ်ဝ လေအားလျှပ်စစ်စီမံကိန်း ဒုတိယကာလ လုပ်ငန်းစဉ်များ စတင်ပြီဖြစ်ရာ ပန်ကာဒလက်များ စတင်တပ်ဆင်၍ ဆိုင်းကြိုးသွယ်မှုများ ပြုလုပ်လျက်ရှိသည်။
ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော ဆင်းရဲပြီး ရပ်တည်ရန်ခက်ခဲသည့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီရန် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိသော သဘောတူညီချက်ကို ဇွန် ၁၉ ရက်၌ အိန္ဒိယအစိုးရက...
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရှိ မြစ်ကြီး ၁၄ မြစ်တွင် မြစ်ရေတိုင်းတာခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင်လ သည် မြစ်ရေကြီးနိုင်သည့် အခြေအနေရှိသည့်အတွက် မြစ်ရေကြီးလေ့ရှိသည့် ဒေသတွင် နေထိုင်သူများ အနေဖြင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအားကြည့်၍ ဂရုပြုနေထိုင်သင့်ကြောင်း...
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်ရှိသော အဆင့်မြင့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ထပ်မံ၍ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ဇွန်၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ မှ တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီချက် အား မှန်ကန်စွာ လိုက်နာသွားပြီး နှစ်နိုင်ငံ အစိုးရ...