အန်ကာရာ၊ မေ ၂၀ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့ NATO အဖွဲ့ဝင်ဖြစ်ရေးကို သဘောတူမည်မဟုတ်ကြောင်း တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က မေ ၁၉ ရက် တွင် ထပ်လောင်းပြောကြားခဲ့သည်။ တူရကီနိုင်ငံက ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားခြင်းအပေါ် ဆန့်ကျင်ကြောင်း...
ပေကျင်း၊ မေ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၌ ထိုင်ဝမ်ဒေသ ပါဝင်လှုပ်ရှားမှုက တရုတ်တစ်နိုင်ငံတည်း မူဝါဒဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ကမ္ဘာ့ကျန်းမာရေးအဖွဲ့...
ပေကျင်း၊ မေ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် မေ ၁၉ ရက်က BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗွီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့မိန့်ခွန်းပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်က လက်ရှိ နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ် ကပ်ရောဂါ ထပ်လောင်း သက်ရောက်မှုများကြောင့် နိုင်ငံတကာအခြေအနေ မတည်ငြိမ်မှု၊...
မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ စစ်ဦးစီးချုပ်နှင့် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ Mark Milley တို့သည် ယူကရိန်းနိုင်ငံ အခြေအနေအပါအဝင် အပြန်အလှန်အကျိုးကျေးဇူးကိစ္စရပ်များ ဆွေးနွေးရန် မေ ၁၉ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံဘက်မှ ပထမဆုံးဖုန်းခေါ်ဆိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရုရှား...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ်အထောက်အထားမှတ်တမ်းအား တရားဝင်အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ မေ ၂၀ ရက်တွင် ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း COVID-19...
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဂျပန်နိုင်ငံအား တရုတ်-ဂျပန် ဆက်ဆံရေး လျော့ပါးစေမည့် အနှောင့်အယှက်ဖြစ်မှုကို ဖယ်ရှားရန်နှင့် ခက်ခက်ခဲခဲဖြင့် ရရှိထားသော ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်ရန် မေ ၁၈ ရက်က တိုက်တွန်း ပြောကြားခဲ့သည်။...
ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ) – Azovstalသံမဏိ စက်ရုံတွင် ယူကရိန်းစစ်သား ၆၉၄ ဦး လက်နက်ချခဲ့ကြောင်း ရုရှားပြောကြားခဲ့သည်။ – စစ်အုပ်ချုပ်ရေးအခြေအနေသက်တမ်းတိုးကြောင်း၊ အထွေထွေစည်းရုံးမှုများ ပြုလုပ်ရန် ယူကရိန်းသမ္မတ အဆိုပြုခဲ့သည်။ – ယူကရိန်းရှိ အမေရိကန် သံရုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခ နောက်ဆုံးရအခြေအနေများ –...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) ၁၀ ဖွဲ့တို့ သည် မေ ၂၀ ရက်၌ စတင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ...
ဝူးလူမုချီ ၊ မေ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုနှစ် ပထမလေးလတာအတွင်း ပြည်ပကုန်သွယ်မှု ယွမ် ၅၂ ဘီလီယံဝန်းကျင်(အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံခန့်) ရှိကာ နှစ်အလိုက် ၃၃ ဒသမ ၇ ရာခိုင်နှုန်း...
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) ဖင်လန်နှင့် ဆွီဒင်တို့က မေ ၁၈ ရက်တွင် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့ကြောင်း သိရသည်။ယင်းနှစ်နိုင်ငံက ရေရှည်လက်ကိုင်ကျင့်သုံးခဲ့သည့် ကြားနေရပ်တည်မှုနှင့် စစ်ရေးမဟာမိတ်မဖွဲ့ခြင်းမူဝါဒကို စွန့်လွှတ်ခဲ့ရာ အနောက်မီဒီယာများက ၎င်းကို “ဆယ်စုနှစ်အတွင်း ဥရောပလုံခြုံရေးမူဘောင်၏ အကြီးမားဆုံး ပြောင်းလဲမှုထဲမှတစ်ခု” ဖြစ်ကြောင်း...