Connect with us

Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် EAO အဖွဲ့များ မေ ၂၀ရက်၌ စတင် တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) ၁၀ ဖွဲ့တို့ သည် မေ ၂၀ ရက်၌ စတင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ ၎င်းကိုယ်တိုင်တွေ့ဆုံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယင်းဆွေးနွေးပွဲကို ဥက္ကဌအဆင့်ရှိသူ ၃ ဦးပါဝင်သည့်အဖွဲ့ ၃ဖွဲ့ နှင့် ဥက္ကဌကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့်အခွင့်ရ ဒုတိယဥက္ကဌစသည့် အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ကြမည့်အဖွဲ့များထဲတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့(၇)ဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် ရွက်ဆစ်အဖွဲ့(RCSS/SSA)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး(DKBA)၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ(LDU)ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့(၃)ဖွဲ့ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)၊မိုင်းလားဒေသအဖွဲ့(NDAA)နှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ဖြစ်ကြောင်း သိရသည်။  (Xinhua)