ဝူရွှမ်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သော မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံနှင့် စစ်ကျွင်ဟွာတို့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြပြီး ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်စု အဖြစ် မှတ်ပုံတင်ခြင်းခံခဲ့ကြသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အသက် ၁၉ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသားဘောလုံးအသင်းကို ဇွန်လနောက်ဆုံးပတ်တွင် စခန်းသွင်းလေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း ကဆင်ဟွာကို ဇွန် ၁၉ ရက်တွင်ပြောသည်။
ဗီယင်ကျန်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် မြောက်ပိုင်း ဆင်ခြေဖုန်းတွင် တရုတ်-လာအို ရထားလမ်းအတွက် ပထမဆုံး ဆက်ရာမရှိသောရထားသံလမ်းများကို တရုတ်နိုင်ငံ ရထားလုပ်ငန်း အမှတ် ၂ အင်ဂျင်နီယာအဖွဲ့ (CREC-2) က ဇွန် ၁၈ ရက်တွင် ဂဟေဆော်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေ မှာ လက်ရှိအချိန်တွင် အလုံးစုံ အားဖြင့် တည်ငြိမ်၍ ထိန်းချုပ် နိုင်ပြီး နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ အရေးပါသည့် လမ်းညွှန်မှုအောက်တွင် လက်ရှိအခြေအနေ အား...
ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ ၂၃ ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူကို ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျီနီဗာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)ကုလသမဂ္ဂဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ၍ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှတစ်ဆင့် ပေါ်လွင်လာသော လူမျိုးရေးခွဲခြားဆက်ဆံမှု နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုစသည့် ပြသာနာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အထိုက်အလျောက် ထိခိုက်မှုများ ရှိခဲ့သဖြင့် တောင်သူလယ်သမားများ အတွက် COVID-19 အထူးချေးငွေ ထပ်ဆောင်းပံ့ပိုး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။