မနန်မာ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဘရိန်းနိုင်ငံအတွင်းရှိ အသက် ၃ နှစ် မှ ၁၁ နှစ် အရွယ်ကြား ကလေးများအားလုံးကို Sinopharm ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ဘာရိန်းနိုင်ငံကျန်းမာရေးအာဏာပိုင်များကအောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
ခါတွန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok နှင့် ၎င်း၏ ဇနီးတို့သည် လုံခြုံရေးတင်းကြပ်စွာဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဝန်ကြီးချုပ်၏ရုံးက အောက်တိုဘာ ၂၆ ရက်တွင် ဖေ့ဘွတ်ခ်အကောင့်၌ ရေးသားဖော်ပြခဲ့သည်။
အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒေါ့(Justin Trudeau) က နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကဲ့သို့သော ဝန်ကြီးဌာနများတွင် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း အပါအဝင် ၎င်း၏ အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂၆ ရက်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက...
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ဗဟိုအမေရိကား ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်သည် ယခုရက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှ အမေရိကန်နိုင်ငံသို့ စတင် ခရီးနှင်လျက်ရှိကြောင်း မက္ကဆီကိုမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူများအား သတိဖြင့်ဆက်ဆံရမည်ဖြစ်ကြောင်း မက္ကဆီကိုအစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ၂,၀၀၀ ကျော်ပါဝင်သည့်အဖွဲ့သည်...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ပုဂံခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် ၂၀၀ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ၂မျိုးအား ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် ကဆင်ဟွာသို့ အောက်တိုဘာ ၂၆ ရက်တွင်...
ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ် တောင့်တင်းခိုင်မာအောင်ဆောင်ရွက်ခြင်းက တရုတ်-ဂျပန် ဆက်ဆံရေး၏ အဓိကဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့သည်။ ဝမ်သည် ၁၇ ကြိမ်မြောက် ပေကျင်း-တိုကျိုဖိုရမ်...
ဒါကာ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Longjian Road and Bridge Co., Ltd.မှ တာဝန်ယူတည်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Payraတံတားကြီးကို ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ တံတားဖွင့်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina က မြို့တော် ဒါကာမှ ဗွီဒီယိုလင့်ခ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး...
ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် Shavkat Mirziyoyev ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၅ ရက်က ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာထဲတွင် “သမ္မတ Mirziyoyev တက်လာပြီးကတည်းက ဗဟိုအာရှဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်...
စင်ကာပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ကြိုးပမ်းစဉ် ဒေသတွင်း ဘက်စုံမိတ်ဖက်နိုင်ငံဆက်ဆံရေး (RCEP) ကလည်း ဆောလျင်စွာ အသက်ဝင်လာခြင်းသည် လုပ်ငန်းစဉ်အား အရှိန်မြှင့်တင်သွားမည်ဖြစ်သလို တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း စင်ကာပူ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။...