ပေကျင်း၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် အီတလီနိုင်ငံ ဝန်ကြီးချုပ်Mario Draghi ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ခုမှ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များမှ အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်းမျာယအပါအဝင်) နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ အောက်တိုဘာ ၂၈ ရက် ညထုတ်ပြန်သောသတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း...
ကန်ဘာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်မှု တတိယလှိုင်းကို ဆက်လက်ရင်ဆိုင်နေရသဖြင့် နိုဝင်ဘာ ၈ ရက်တွင် အရွယ်ရောက်ပြီးသူများအတွက် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျီနီဗာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးပြန်လည်ရှင်သန်မှု တိုးတက်နှုန်းက မညီမျှဖြစ်နေရာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြန်လည်နလန်ထူလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ၏ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်များအပေါ် သက်ရောက်မှုက ကြိုတင်ခန့်မှန်းထားသည်ထက် ပို၍ ဆိုးဝါးနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့်...
ထိုက်ယွမ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကထုတ်လုပ်သော ဒေသဖြစ်သည့် ဆန်းရှီးပြည်နယ်၌ တပ်ဆင်ထားသည့် သစ်လွင်၍ သန့်စင်သောစွမ်းအင် စွမ်းဆောင်မှုသည် စုစုပေါင်း၏ ထက်ဝက်ရောက်ရှိရန်နှင့် ၂၀၂၅ ခုနှစ်မတိုင်မီ ပြည်နယ်၏ လျှပ်စစ်ရရှိမှု၏ သုံးပုံတစ်ပုံရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၈ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၁ ရက်မှစ၍ စုစုပေါင်း ကျောင်းသားအင်အား ၅၀ ရာခိုင်နှုန်းဖြင့် အတန်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယူးဒေလီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး Manish Sisodia က အောက်တိုဘာ ၂၇ ရက်တွင်ပြောသည်။
တီဟီရန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် အာဖဂန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်က အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ကျင်းပခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အရှေ့အာရှ၏ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်၊ အစားအသောက်နှင့် ငွေကြေးမျက်နှာစာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး စိန်ခေါ်မှုများကို ပူးတွဲတုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၂၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။