ဗီယင်ကျန်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ နိုင်ငံခြားသားများ အပါအဝင် အများပြည်သူများအနေဖြင့် COVID-19 ရှိနိုင်ကြာင်း သံသယရှိခံရပါက အခမဲ့ဆေးစစ်နိုင်မည်ဖြစ်ကြောင်း လာအို ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် မတ် ၂၃ ရက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ သုံးဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဗီယင်ကျန်း ၊ မတ် ၂၄ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၌ ပထမဆုံး COVID-19 အတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ကြောင်း လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
နေပြည်တော်၊ မတ် ၂၄ရက်(ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက်ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA:_ International Development Association) ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် Global Financial Facility ထောက်ပံ့ငွေဒေါ်လာ ၁၀ သန်း ရယူရေးအား ပြည်ထောင်စုလွှတ်တော်...
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာ့နိုင်ငံ အားလုံးမှ ခရီးသည်များအတွက် မတ် ၂၅ ရက် ၊ မြန်မာစံတော်ချိန် (၀၀:၀၀) နာရီမှ စတင်၍ အသက်ဝင်မည့် ယာယီကန့်သတ်ချက် အစီအမံများအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၂၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါသည် လူသားအားလုံးရင်ဆိုင်နေရကြရသည့် အန္တရာယ်ဖြစ်ရာ ရောဂါပြန့်ပွါးမှုကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်အရာရှိ Josep Borrell Fontelles က မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကကြီး၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရှိ မြန်မာပြည်ကိုယ်စားပြု ပြည်တွင်းကျောက်မျက်ဈေးကွက်ကြီး ဖြစ်သော ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း ကို ယနေ့ မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ယာယီ ပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၄...
ရန်ကုန် ၊ မတ် ၂၄ ရက် အိမ်ဖြူတော် ၌ ပြုလုပ်သည့် COVID-19 ရောဂါ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ အား ပိုမို လက်တွေ့ ကျပြီး အဓိပ္ပါယ် ရှိစေရန် ကြိုးပမ်းဆောင်ရွက်နေသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ COVID-19 ရောဂါ...
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အတွင်းသို့ မြဝတီနယ်စပ်ဂိတ် တံတားအမှတ် (၂)မှ မတ် ၁၆ ရက်မှ မတ် ၂၃ ရက်အထိ ပြန်လည် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၃၂,၆၃၀ ဦးအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး...
ဝူဟန့်၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ငါးရက်ဆက်တိုက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါ အသစ်ဖြစ်ပွားသူမရှိခဲ့ဘဲ မတ် ၂၃ ရက်၌ ရောဂါပိုးရှိကြောင်း အတည်ပြုလူနာအသစ်တစ်ဦးသာ ရှိခဲ့ကြောင်း သိရသည်။