ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) စီးပွားရေးလုပ်ငန်းများအကြား ဒီဂျစ်တယ်နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆင်ဟွာကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇)လမ်းရှိ တိုက်ခန်းတစ်ခန်း၌ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်)နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။
ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု(Benjamin Netanyahu)၏ အဂတိ လိုက်စားမှု စစ်ဆေးခြင်းကို အစ္စရေး နိုင်ငံ၏ လွှတ်တော် ရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာ မတ်လ ၁၇ ရက်တွင် စတင်ရန် သတ်မှတ် ထားကြောင်း အာဏာပိုင်များက...
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း၊ အစားထိုး လဲလှယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ကိုရီးယား သမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF:_ Economic Development Cooperation Fund) ထံမှ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် အရေးပါသော အချိန်ကို ရောက်ရှိနေသည့် တိုက်ပွဲတစ်ခုအဖြစ် သိသိသာသာတိုးတက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် (Boris Johnson) နှင့် တယ်လီဖုန်းဖြင့်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်လူနာတင် ယာဉ်အားလုံး ပါဝင်ရမည့်စနစ် စတင် ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က ဖေဖော်ဝါရီလ ၁၉ ရက် တွင် ဆင်ဟွာ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)အစည်းအဝေးတွင် ဘုံသဘောတူညီချက်(၈)ချက် ရရှိခဲ့ကြောင်းအဆိုပါ အစည်းအဝေးထံမှ သိရသည်။
ဝူဟန့် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဦးဆောင်ဦးရွက် ညွှန်ကြားမှုပြုလုပ်နေသည့် တရုတ်နိုင်ငံဗဟိုအစိုးရ လမ်းညွှန်အဖွဲ့က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန့်မြို့ရှိ ဝူဟန့်ဆေးရုံအကြီးအကဲ ဒေါက်တာ Liu Zhiming ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။