ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဌာနများအကြား ချိတ်ဆက် ဆောင်ရွက်မှု အားနည်းခဲ့သဖြင့် စည်ပင်သာယာ လုပ်ငန်းများ အဆင်မပြေဖြစ်ခဲ့မှုများကို နောင်တွင် မဖြစ်ပေါ်စေရေးအတွက် ဌာန တစ်ခုနှင့် တစ်ခု ချိတ်ဆက်မိစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်မောင်၀င်းက...
ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) UnionPay International Myanmar ကတ်ကိုင်ဆောင်သူများအတွက် ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်ရန် ရည်ရွယ် ပြုလုပ်သော “Go for Gold” ကမ်ပိန်း စတင်ကြောင်း ကြေညာခြင်းကို မြန်မာပလာဇာ၌ ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပ ပြုလုပ်...
နယူးဒေလီ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်၏ နေရာအတော်တော်များများ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အချို့ပြိုကျမှု နှင့် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု လုံးဝ ကင်းစင် ပပျောက် သွားသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက...
ရီရိုဒီဂျနေရို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော လူပေါင်းများစွာ ပါဝင်သည့် လမ်းပေါ်ကပွဲတစ်ခု၌ လူအုပ်ပိမိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၉ ဦီး သေဆုံးပြီး အခြားလူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃,၀၀၀ကျော်ရှိပြီး သေဆုံးသူ ၁၂၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၌ ယနေ့ နံနက် ၇နာရီ ၄၂မိနစ်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် JETOUR X70 ကားအမျိုးအစား မိတ်ဆက်ပွဲနှင့် ဈေးကွက်တင်စတင်ရောင်းချခြင်းအခမ်းအနားကို Shining Star Group ကုမ္ပဏီ၊ Gold AYA Motors ကုမ္ပဏီ နှင့် Chery Holding ကုမ္ပဏီတို့က ယနေ့ တွင်ရ န်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း...