Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ်က နှစ်နိုင်ငံ ကုန်သွယ်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း မြန်မာ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ပြောကြား 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Ruili မြို့ရှိ ဈေးတစ်ခုတွင် မြန်မာနိုင်ငံမှ တင်ပို့လာသော ဂဏန်းကောင်များကို အလုပ်သမားများ ရွေးချယ်နေသည်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ်သည် အပြန် အလှန် ကုန်သွယ်မှုအား စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုဆီသို့ ဦးတည်ရေး နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်း စေရေး အတွက် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ဇန်နဝါရီ ၁၆ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ် အပေါ် ပြည်ထောင်စု ဝန်ကြီးက “ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက အားသစ်လောင်းမယ် ။ အပြန်အလှန် နားလည်မှု ခိုင်မာစေမယ် ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ပိုမို မြင့်မားလာစေမယ် ။ဒါကြောင့် သမ္မတ ရှီရဲ့ ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ဂုဏ်လဲ ယူပါတယ်။”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Dehong ဒေသ၊ တရုတ် (ယူနန်) ရှေ့ပြေး လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTZ) Dehong နယ်မြေရှိ မော်တော်ဆိုင်ကယ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာ အလုပ်သမား တစ်ဦးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အကြီးဆုံး နှင့် ရင်းနှီးမြှုပ်နှံမှု အရေးပါဆုံး နိုင်ငံ ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးက နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှုအား နှစ်နိုင်ငံ အကြား တစ်ဖက် နှင့် တစ်ဖက် ပိုမို များပြားစွာ တင်ပို့နိုင်ရေး နှင့် အတူ စဉ်ဆက်မပြတ် တိုးတက်လာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ(CMEC) နှင့် ပတ်သက်၍ ပြောကြား ရာတွင် ယင်းမှုဘောင်များ အတွင်းရှိ စီမံကိန်းများသည် မြန်မာနိုင်ငံက လိုအပ်နေသည့် ပို့ဆောင် ဆက်သွယ်ရေး နှင့် လျှပ်စစ် ကဏ္ဍများ အပါအဝင် မြန်မာနိုင်ငံ နယ်စပ် ဒေသများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမည် ဖြစ်သကဲ့သို့ ကုန်သွယ်မှုကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တရုတ် နိုင်ငံက ကမ္ဘာမှာ ထိပ်တန်း နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပြီးတော့ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုပါတယ်။အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံကလဲ တရုတ် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းကတဆင့် မျှဝေ ခံစားနိုင်ပါတယ်။”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် ၊ လားရှိုးမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော မြန်မာ(လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ် ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ နည်းပညာ ကူညီထောက်ပံ့မှုများ ပေးနိုင်ကြောင်း နှင့် ယင်းပူးပေါင်းဆောင်ရွက်မှုသည် တရုတ် နိုင်ငံ အတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။တရုတ် နိုင်ငံ၌ စီးပွားရေး တိုးတက်အောင် ၊  နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ၊ လုပ်ငန်းရှင်များ၊  ပညာရှင်များ နှင့် အခြားသူများ အကြား ၊ ပြည်သူအချင်းချင်း အကြား အပြန်အလှန် ဖလှယ်မှုများ တိုးမြင့်အောင် မည်ကဲ့သို့ လုပ်ဆောင်ပုံ နည်းလမ်းများကို အားရဖွယ် အကြောင်းအရာများစွာ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံကနေ အဲဒီ အကြောင်းအရာတွင် ကျွန်တော်တို့ လေ့လာဖို့ လိုပါတယ်။”ဟု ၎င်းက ဆိုသည်။တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ(CMEC)၏ အဆင့်သုံးဆင့်တွင် ပထမ အဆင့် ဖြစ်သည့် တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အရ အချို့သော အားထုတ်မှုများက တိုင်းရင်းသား ဒေသများတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီပေးနိုင်ကြောင်း ၊ ပြည်သူအချင်းချင်း အကြား ပိုမို အားကောင်းသော ချည်နှောင်မှုများဖြင့် ရှေ့သို့ ဆက်လှမ်းခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံတော် အလည်အပတ် ခရီးစဉ်မှာ မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ပိုမို အဓိပ္ပာယ်ရှိသော ပေါက်ဖော် ဆက်ဆံရေးကို ဖြစ်စေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။အဆိုပါ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အကြားတွင် အစိုးရ အချင်းချင်း နှင့် နှင့် ပြည်သူ အချင်းချင်း ဆက်ဆံရေးများကို ကဏ္ဍစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်သို့ မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.