ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)
မနီလာ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လုဇုန်ကျွန်း(Luzon)၊ ဘုလ်ခန်(Bulacan)ပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်း လူနေအိမ်ပေါ် သို့ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သောကြောင့် လေယာဉ်ပေါ်ရှိ လူ ၆ ဦး နှင့် အိမ်တွင်းရှိ လူ ၁ ဦး သေဆုံးခဲ့ ကြောင်း ဖိလစ်ပိုင်လုံခြုံရေးရဲတပ်ဖွဲ့က ဆိုပါသည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ ဗြိတိန်နိုင်ငံသံရုံးမှ သံတမန် ၂၃ဦးကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၁၇ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
ပေကျင်း ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) ရှီကျင့်ဖိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်သည့်အတွက် ရုရှားသမ္မတပူတင်က ရှီကျင့်ဖိန်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအပိုင်အတွင်းရှိ စွန့်ပစ်မြေစာပုံသည် မတ် ၁၆ ရက်နေ့ ည ၁၀ နာရီ ၅၀ ခန့်တွင် ပြိုကျမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏အနာဂတ်အတွက် အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ရှိသည့်အတွက် ယင်းအခန်းကဏ္ဍများအား မြှင့်တင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် တွင် ဝမ်ရှီစန်းအား တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည်လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြုကာကွယ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။