Connect with us

Politics, Law & Military

တတိယတစ်နှစ်တာ ဆောင်ရွက်မှု ဝန်ကြီးဌာန သုံးခု သတင်းစာ ရှင်းလင်း

ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ မေ ၁၅ ရက်(ဆင်ဟွာ)

တတိယ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ တို့၏ သတင်းစာ ရှင်းလင်းပွဲကို ပြန်ကြား ရေး ဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနသည် တတိယတစ်နှစ်တာ (၂၀၁၈ -၁၉)၌ ပညာရေး အသုံးစရိတ်များကို သာမန် အသုံးစရိတ်ရော ငွေလုံးငွေရင်း အသုံးစရိတ် များတွင်ပါ ယမန်နှစ်ကထက် တိုးမြှင့် သုံးစွဲနိုင်ခဲ့ကြောင်း၊ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စနစ်သို့ ပြုပြင်ပြောင်းလဲခဲ့ကြောင်း၊ သူငယ်တန်း + ၁၂ တန်း ပညာရေးစနစ်သို့ စတင် ပြောင်းလဲနေကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း ပြောင်းလဲထားကြောင်း၊ တတိယ တစ်နှစ်တာအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနှစ်ခု(ရှမ်းပြည်နယ် အရှေ့၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီး အနောက်) တို့တွင် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာစာသင်ဝိုင်း ၉၁၁ဝိုင်းမှ စာတတ်မြောက်သူ ၈၈၇၄ ဦး ရှိခဲ့ကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့် ရေးများတွက် ပြုပြင် ပြောင်းလဲမှုဆောင်ရွက်ချက်များကြောင့် အစိုးရ နည်းပညာ အထက်တန်း ကျောင်း၊ အစိုးရစက်မှု လက်မှု သိပ္ပံများ၏ ပုံမှန် သင်တန်းများနှင့် ကာလတို သင်တန်းများတွင် တက်ရာက်သူများ တိုးတက် များပြားလာကြောင်း၊ အဆိုပါ သင်တန်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း၊ ထို့အပြင် အင်းစိန် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းတွင် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အထည်ချုပ် နည်းပညာ ဆရာဖြစ် သင်တန်းကို တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း၊ ဒေသ လိုအပ်ချက်အထောက်အကူပြုဘွဲ့ ကြို သင်တန်းများ၊ ဘွဲ့ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို ရှင်းလင်း ပြောကြားစဉ်။

နေပြည်တော်ကောင်စီ ခေတ္တ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း ရှင်းလင်း တင်ပြစဉ်။

သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။

တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် အသင်းက ကြီးမှူး၍ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော်ဖြစ်သည့် ‘သွေးချင်းတို့ရဲ့ ပွဲတော်ဆီ’ ပွဲတော်ကြီးကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ၂၀၁၉ ဇန်နဝါရီလ နောက်ဆုံး အပတ်တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ထိုပွဲတော်တွင် Miss Ethnic Myanmar 2019 တိုင်းရင်းသား အလှမယ် ရွေးချယ်ပွဲကိုလည်း ထည့်သွင်းခဲ့ကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ် အခမ်းအနား ပွဲတော်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပနိုင်ခဲ့ကြောင်း၊ တိုင်းရင်းသား စာပေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ကျင်းပနိုင်ခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

နေပြည်တော်ကောင်စီမှ ခေတ္တ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက နိုင်င့တော် အစိုးရ၏ သုံးနှစ်တာ ကာလအတွင်း နေပြည်တော်ကောင်စီ နယ်မြေတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်၊ ကန်၊ လျှပ်စစ် မီးလင်းရေး၊ ရေရရှိရေးနှင့် အခြား ဖွံ့ဖြိုးရေး ကဏ္ဍများအတွက် လုပ်ငန်း စုစုပေါင်း ၄၇၀၃ ခုတို့ကို ကျပ်သန်း ၁၇၄၈၈၅ ဒသမ ၅၁၁ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊တတိယ နှစ် တစ်နှစ်တာအတွက် လုပ်ငန်း ၁၈၈၀ ခုတို့အတွက် ကျပ်သန်း ၉၀၇၈၈ ဒသမ ၇၀၉ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တတိယ တစ်နှစ်တာအတွင်း ပညာရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၀၆ ခုတို့အတွက် ကျပ် ၅၄၉၂ ဒသမ ၆၇၂ သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တတိယ တစ်နှစ်တာ ကာလအတွင်း စာသင်ကျောင်း ၉၇ ကျောင်းတို့ကို အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ – ၁၉ တွင် ကျန်းမာရေး ကဏ္ဍ၌ လုပ်ငန်း ၂၆ ခုတို့ကို ကျပ်သန်း ၁၈၁၀ ဒသမ ၅၆၈သန်းဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ နေပြည်တော် နယ်မြေအတွင်း လမ်း တံတားကဏ္ဍတွင် လုပ်ငန်းပေါင်း ၈၇၁ ခုတို့အတွက် ကျပ် သန်း ၃၄၃၅၃ ဒသမ ၂၅ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆည်မြောင်း လုပ်ငန်း ၁၈၀ ခုအတွက် ကျပ်သန်း ၉၄၅၄ဒသမ ၂၅၇ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်း ၂၀၆ ခုတို့ကို ကျပ်သန်း ၁၅၂၃၇ဒသမ ၁၂၉ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရေရှိရေးကဏ္ဍအတွက် လုပ်ငန်းပေါင်း ၁၂၇ ခုတို့ကို ကျပ်သန်း ၆၅၄၀ ဒသမ ၇၉၄ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အခြား ဖွံ့ဖြိုးရေး လုပ်ငန်း၃၆၄ ခုတို့အတွက် ကျပ်သန်း ၁၇၉၀၀ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.