Connect with us

Africa & Middle East

ဂါဇာဒေသ ၌ ဇွန်လ တွင် အစားအစာပြတ်လပ်မှု နှင့် ကြုံတွေ့ရနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောကြား

ပါလက်စတိုင်းဒုက္ခသည်မိသားစုတစ်ခု မေလ ၁၄ ရက်တွင် နံနက်စာစားနေစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၁၅ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ တစ်ဝက် နှင့် အထက်အတွက် ဇွန်လ တွင် အစာရေစာ မလုံလောက်မှုဖြစ်ဖွယ်ရှိကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ က မေလ ၁၃ ရက် တွင်ပြောသည်။

“တစ်ကမ္ဘာလုံးမှာ မွတ်ဆလင်တွေ ရာမာဒန် ဥပုတ်လ ကို ကျင်းပနေကြချိန် မှာ ဂါဇာဒေသ က လူဦးရေ ထက်ဝက်ကျော်က နိုင်ငံတကာအသိုင်းအဝန်းက ပေးတဲ့ စားနပ်ရိက္ခာအကူအညီတွေကို မှီခိုနေရတယ်’’ ဟု UNRWAက ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် တရားဝင်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ရှိ ပါလက်စတိုင်းဒုက္ခသည် ၁ သန်းကျော် အတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ သန်း ၆၀ ကို ဇွန်လ အတွင်း မထောက်ပံ့နိုင်ပါကက၎င်းဒုက္ခသည် တို့ အတွက် ပြင်းပြင်းထန်ထန်စိန်ခေါ်မှုဖြစ်နိုင်ကြောင်း UNRWA က ထုတ်ဖော်ပြောဆိုခဲ့သည်။

သက္ကရာဇ် ၂၀၀၀ တွင် UNRWA အနေဖြင့် ခန့်မှန်းချက် ပါလက်စတိုင်းဒုက္ခသည် ၈၀,၀၀၀ အား ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။

UNRWA ကမိမိဆန္ဒအလျှောက် ငွေကြေးအပါအဝင် ကူညီထောက်ပံ့မှုအလုံးစုံအားထောက်ပံ့လျက်ရှိကြောင်း သိရသည်။ သို့သော် ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းရေးစကားဝိုင်း မတိုင်မီ အမေရိကန် အနေဖြင့် ကုလသမဂ္ဂအေဂျင်စီများ ကို ပေးသည့် ရံပုံငွေအားရပ်ဆိုင်းရန်ဆုံးဖြတ်ချက်ချခဲ့သည်။

မေလ ၁၃ ရက်အစောပိုင်းတွင် Nickolay Mladenov ဦးဆောင်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်အဖွဲ့ သည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိစဉ် အီဂျစ်၊ ဥရောပသမဂ္ဂ နှင့် ကာတာ တို့ နှင့် အတူ အစ္စရေး နှင့် ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်များအဖြစ်ဆောင်ရွက်ကာ ငြိမ်းချမ်းရေး အတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117