ဂျာကာတာ၊ မတ် ၁၈ ၇က် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့ဖက်စွန်းရှိ ပါပူဝါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ကြောင့်သေဆုံးသူ ၇၇ ဦး အထိမြင့်တက်လာပြီး၊ အခြားသူ ၁၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီမှ တာဝန်ခံက မတ်လ၁၈ ရက်တွင် ဆင်ဟွာကို တယ်လီဖုန်းမှ ဖြေကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၈ ရက်(ဆင်ဟွာ) ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP:_ Karenni National Progressive Party)မှ ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဘက်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို(NRPC ) တို့ တွေ့ဆုံပွဲကို နေပြည်တော် NRPC...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းလေးခုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကဘူးလ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ်တွင် မတ် ၁၇ရက်က လုံခြုံရေးတပ်ဖွဲ့နှင့် တာလီဘန်လက်နက်ကိုင်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ လက်နက်ကိုင် ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အလောင်းတော်ကဿပလမ်း ၁၆မိုင် ၄ဖာလုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ဘုရားဖူး Expressယာဉ် တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွမ်ဘိုင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ ကီလိုမီတာ ၅၇၀ ကျော် အကွာ Maharashtra ပြည်နယ် Hingoli ခရိုင်ရှိ Khatkali ရထားလမ်းကူးတစ်ခု တွင် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သော PUBG ဂိမ်းကစားနေသူ ၂ဦးအား ရထားတစ်စင်းက တိုက်မိခဲ့ကြောင်း သတင်းများက...
လော့စ်အိန်ဂျလိစ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မတ် ၁၇ ရက် အစောပိုင်းက ဂါလန် ၉,၀၀၀ ဆန့် လောင်စာဆီတင်ကားတစ်စီး လောင်စာဆီယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၂ဦးဆေးရုံတင်လိုက်ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနကပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်မီဒီယာ များ၏ သတင်းများအရ သိရသည်။
နယူးယောက်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Ngodokandawu မြို့ အနောက် အနောက်တောင်ဘက် တစ်ကီလိုမီတာ အကွာတွင် မတ် ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၄၁း၄၂နာရီတွင် အင်အား ၅.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၁ ရက် မှ ၂၆ ရက် အထိ အီတလီနိုင်ငံ ၊ မိုနာကိုနိုင်ငံ နှင့် ပြင်သစ်နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့မတ် ၁၈ ရက်တွင်...