ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မူဆယ် မြို့နယ် နမ့်ပေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၂၆၅/၄-၅)ကြား နမ့်ပေါ် တံတား ကုန်းဆင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိ လာနိုင်သည်ဟု ခန့်မှန်း ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း...
အဘူဂျာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘိုင်အူ မြို့ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများအတွက် ပြင်ဆင်လျှက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ အသင်း ၊ မြန်မာ့ လက်ရွေးစင် ယူ ၂၁ အသင်း တို့နှင့် မြန်မာနေရှင်နယ်လိဂ်ညွန့်ပေါင်းအသင်းတို့သည် ဒီဇင်ဘာ ၄ ရက် နှင့် ၆...
မော်စကို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အနောက်တောင်ပိုင်း Kaluga ဒေသတွင် ဒီဇင်ဘာ ၂ ရက်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၂ ဦးအပါအဝင် လူပေါင်း ၇ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက...
ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆိုချီ၊ ရုရှား၊ ဒီဇင်ဘာလ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) အဖွဲ့ဝင် နိုင်ငံများအား ဒေသတွင်း လုံခြုံရေး ပိုမိုကောင်းမွန်ရန်အတွက် အစွန်းရောက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်အား ဆောလျင်စွာ အတည်ပြုကြရန် ဒီဇင်ဘာလ ၁ ရက်က...
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သမ္မတလည်းဖြစ်သလို တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သော ရှီကျင့်ဖိန်က CPC သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံရေးပါတီများနှင့်အတူ လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးနှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီး တစ်ခု ဖန်တီးရန်...