ပေကျင်း၊ ဇန်နဝါရီ ၃၀ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ ဘုရင် ဝီလျံ အလက်ဇန္ဒြား သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၇ မှ ၈ရက် အထိ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း West Bengal ပြည်နယ် တွင် ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘတ်စ်ကား တစ်စင်း မြစ်ထဲကျခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၃၅ ဦး သေဆုံး...
ဟောင်ကောင်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဟောင်ကောင်မြို့လယ်၌ ရှာဖွေတွေ့ရှိသော မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးကို ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့က အချိန် တစ်နာရီကျော်ကြာ ကြိုးပမ်းခဲ့ပြီးနောက် အောင်မြင်စွာ စနက်တံဖြုတ် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) တွံတေးမြို့နယ် မြောင်းတလုပ်ကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်အား ဇန်နဝါရီ ၂၈ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ငွေစက္ကူအတုများ ဝင်ရောက်လာသည့် လမ်းကြောင်းအား စိစစ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်မှုများအတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက် ကောင်းမွန်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ စစ်တက္ကသိုလ် တစ်ခုအား ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှုများအား မသိရှိရသေးကြောင်း သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများက ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) မြန်မာ ရပ်ဝန်း နှင့် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း (Myanmar Belt and Road Development Association ) နှင့် တရုတ် နိုင်ငံ Kunming South Asia and...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာ အနီး၊ ဧရာဝတီ မြစ်ကမ်းပါးဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်း ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ရှာဂျာမြို့ရှိ ဆာဟာရာစင်တာ (Sahara Center) ဈေးဝယ်စင်တာ၌ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) မှစတင်ကာ ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ် Najmat Taiba (အာရပ်ဘာသာဖြင့် Taiba ကြယ်ပွင့်) အား...