Connect with us

Social

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့ကျင်းပလျက် ရှိရာ တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆု အများဆုံး ရရှိထား

အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် ဆုရ အားကစားသမားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ပထမနေ့အား ယနေ့နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပလျက် ရှိရာ နံနက်ပိုင်း ယှဉ်ပြိုင်မှု ရလဒ်များ အရ တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ရွှေတံဆိပ်ဆု ၅ ဆု နှင့် တရုတ်ဟောင်ကောင် မှ ရွှေတံဆိပ်ဆု ၁ ဆုဖြင့် အများဆုံး ရရှိထားကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့နံနက်ပိုင်းတွင် ပြိုင်ပွဲဝင် ကစားသမားများ၏ ယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့နံနက်ပိုင်း ပွဲစဉ်များ အဖြစ် အမျိုးသား ချွန်ချွမ်(Changquan) ၊ အမျိုးသမီး ချွန်ချွမ်(Changquan) ၊ အမျိုးသား နန်ချွမ် (Nanquan) ၊ အမျိုးသမီး နန်ချွမ် (Nanquan) ၊ အမျိုးသား ထိုက်ကျိချွမ် (Taijiquan) နှင့် အမျိုးသမီး ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်များအား ပြိုင်ပွဲဝင် နိုင်ငံ အသီးသီးမှ အားကစား သမားများက ယှဉ်ပြိုင် ကစားခဲ့ကြသည်။

တရုတ် နိုင်ငံမှ အမျိုးသား ချွန်ချွမ်(Changquan) ပွဲစဉ်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သူ Mr.Zhizhao CHANG က ဆင်ဟွာ၏ မေးမြန်းမှုများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ထိုသို့ယှဉ်ပြိုင်မှုများ အရ အမျိုးသား ချွန်ချွမ်(Changquan) ပွဲစဉ်တွင် တရုတ် နိုင်ငံမှ Mr.Zhizhao CHANG က လည်းကောင်း ၊ အမျိုးသမီး ချွန်ချွမ်(Changquan) ပွဲစဉ်တွင် တရုတ် နိုင်ငံမှ Ms.Xue WANG က လည်းကောင်း ၊ အမျိုးသား နန်ချွမ် (Nanquan) ပွဲစဉ်တွင် တရုတ် နိုင်ငံမှ Mr.Jianming LI က လည်းကောင်း ၊ အမျိုးသမီး နန်ချွမ် (Nanquan) ပွဲစဉ်တွင် တရုတ် နိုင်ငံမှ Ms.Hulying CHAN က လည်းကောင်း ၊ အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် တရုတ် နိုင်ငံမှ Mr.Shunhong YANG ကလည်းကောင်း ၊ အမျိုးသမီး ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် တရုတ်ဟောင်ကောင်မှ Ms.Suijin CHAN က လည်းကောင်း ရွှေတံဆိပ်ဆုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆု ရရှိထားသည့် ငြိမ်းချမ်းကိုကို က ပွဲစဉ်များ အပြီး သတင်းမီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံမှ အမျိုးသား ချွန်ချွမ်(Changquan) ပွဲစဉ်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သူ Mr.Zhizhao CHANG က ဆုရရှိခဲ့မှု အပေါ် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ၊ ယခု ရွှေတံဆိပ်ဆု ရရှိခဲ့သည်မှာ မိမိ တစ်ဦးတည်း ကြိုးစားမှုကြောင့် မဟုတ်ဘဲ အသင်း၏ ကြိုးစားမှုကြောင့် ဖြစ်ကြောင်း ၊ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် နေ့စဉ် နံနက်ပိုင်း နှင့် ညနေပိုင်းများတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် ဝူရှူး အားကစားနည်း အား တစ်ကမ္ဘာလုံး သို့ဖြန့်ေ၀ စေလိုပြီး မိမိ အနေဖြင့် လုပ်နိုင်သမျှ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံမှ အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် ကစားသမား ငြိမ်းချမ်းကိုကိုက ကြေးတံဆိပ် တစ်ခု ရရှိထားကြောင်း သိရသည်။မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆု ရရှိထားသည့် ငြိမ်းချမ်းကိုကို က ယနေ့ယှဉ်ပြိုင်ခဲ့ရာတွင် ဆုတံဆိပ်အား မျှော်မှန်းမထားဘဲ အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟုသာ မျှော်မှန်းထားကြောင်း ၊ ယနေ့ယှဉ်ပြိုင်ရာတွင် လေ့ကျင့်ထားသည်ထက် ပို၍ ကစားနိုင်ခဲ့ကြောင်း ၊ မနက်ဖြန် ယှဉ်ပြိုင်မည့် ပွဲစဉ်တွင် ယနေ့ယှဉ်ပြိုင်မှုထက် ပို၍ အားထည့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပွဲစဉ်များ အပြီး သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့နံနက်ပိုင်း ပွဲစဉ် ရလဒ်များ အရ နိုင်ငံအလိုက် ရွှေတံဆိပ်ဆုများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ၅ ခု ၊ တရုတ်ဟောင်ကောင် မှ ၁ ခု ရရှိထားပြီး ၊ ငွေတံဆိပ်ဆုများအား စင်ကာပူ ၊ ယူကရိန်း ၊ ဗီယက်နမ် ၊ မလေးရှား ၊ တရုတ်ဟောင်ကောင် ၊ ဂျပန် တို့မှ ၁ ဆုစီ ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုများအား တရုတ်မကာအို မှ ၃ ခု ၊ အမေရိကန် မှ ၁ ခု ၊ မြန်မာ မှ ၁ ခု နှင့် စင်ကာပူမှ ၁ ခုတို့အသီးသီး ရရှိထားကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၂၁ ခုမှ အားကစား သမား ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အားကစား သမား ၄ ဦး ပါဝင် ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့ ့နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ နိုဝင်ဘာ ၁၈ ရက် အထိ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.