Connect with us

Social

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့အပြီး တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆု အများဆုံးဖြင့် ဦးဆောင်ထား


ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ပထမနေ့နိုဝင်ဘာ ၁၇ ရက်နေ့ပွဲစဉ်များ အပြီး တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ရွှေတံဆိပ်ဆု ၆ ဆုဖြင့် အများဆုံး ရရှိကာ ဦးဆောင်ထားလျက် ရှိနေကြောင်း သိရသည်။

ပြိုင်ပွဲ ပထမနေ့ ယှဉ်ပြိုင်မှုများ အပြီး ရွှေတံဆိပ်ဆုများအား တရုတ် နိုင်ငံမှ ၆ ဆု ၊ တရုတ် ဟောင်ကောင် မှ ၃ ဆု ၊ မလေးရှား နိုင်ငံမှ ၂ ဆု နှင့် တရုတ် မကာအို မှ ၁ ဆု ရရှိခဲ့သည်။ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များ အပြီး အိမ်ရှင် မြန်မာ နိုင်ငံ အနေဖြင့် အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်တွင် ငြိမ်းချမ်းကိုကို က ကြေးတံဆိပ် ၁ ခု ၊ အမျိုးသမီး နန်သောင်း(Nandao) ပွဲစဉ်တွင် အေးသစ္စာမြင့်က ငွေတံဆိပ် ၁ ခု ဖြင့် အသီးသီး ရရှိထားကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့တွင် ပြိုင်ပွဲဝင် ကစားသမားများ၏ ယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အမျိုးသမီး နန်သောင်း(Nandao) ပွဲစဉ်တွင် ငွေတံဆိပ်ဆု ရရှိခဲ့သူ အေးသစ္စာမြင့်က ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သည့် အတွက် လွန်စွာ ပျော်ရွှင်မိပါကြောင်း ၊ ယခု ပြိုင်ပွဲ အတွက် ၃ လခန့်အချိန်ယူ လေ့ကျင့် ပြင်ဆင်ခဲ့ကြောင်း ၊ ယခုလို ပြိုင်ပွဲမျိုး ကျင်းပခဲ့သည့် အတွက် မြန်မာနိုင်ငံ၌ လေ့ကျင့် ကစား နေကြသော ကစားသမားများ အတွက် နိုင်ငံတကာ အတွေ့အကြုံ ရရှိစေပြီး မျိုးဆက်သစ်များ အတွက် အတွေ့အကြုံကောင်း တစ်ခုဟု ပြောရမည် ဖြစ်ကြောင်း ပွဲစဉ်များ အပြီး သတင်း မီဒီယာများအား ပြောကြားခဲ့သည်။

ပြိုင်ပွဲဝင် နိုင်ငံများ အလိုက် ဆုရရှိမှုများ အနေဖြင့် ငွေတံဆိပ်ဆုများအား တရုတ် တိုင်ပေ မှ ၂ ဆု ၊ ဂျပန် မှ ၂ ဆု နှင့် စင်ကာပူ ၊ ယူကရိန်း ၊ ဗီယက်နမ် ၊ မလေးရှား ၊ တရုတ် ဟောင်ကောင် ၊ ရုရှား ၊ မကာအို ၊ မြန်မာ တို့မှ ၁ ဆုစီ ရရှိထားပြီး ကြေးတံဆိပ်ဆုများအား တရုတ် မကာအို မှ ၃ ခု ၊ အမေရိကန်မှ ၂ ခု နှင့် မြန်မာ ၊ စင်ကာပူ ၊ ရုရှား ၊ ကိုရီးယား ၊ စပိန် ၊ တရုတ် ဟောင်ကောင် ၊ မလေးရှား တို့မှ ၁ ဆုစီ ရရှိထားကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့တွင် ချွန်ချွမ်(Changquan) ၊ နန်ချွမ် (Nanquan) ၊ ထိုက်ကျိချွမ် (Taijiquan) ၊ သောင်းစု (Daoshu) ၊ ကျန့်စု (Jianshu) ၊ နန်သောင်း(Nandao) အားကစားနည်း အမျိုးအစားများအား အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ အဖြစ် နိုင်ငံ အသီးသီးမှ အားကစားသမားများက ယှဉ်ပြိုင်ခဲ့ကြသည်။

ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၂၁ ခုမှ အားကစား သမား ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အားကစား သမား ၄ ဦး ပါဝင် ခဲ့ကြောင်း သိရသည်။ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့ ဟ့နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ နိုဝင်ဘာ ၁၈ ရက် အထိ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.