မက္ကဆီကို စီးတီး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော ပြည်နယ်တစ်ခုဖြစ်သည့် Sinaloa ပြည်နယ်တွင် ဧပြီ ၁၂ ရက် အစောပိုင်းက မြေပြင်နှင့်နီးကပ်စွာပျံသန်းလာသော လေယာဉ်တစ်စီးပေါ်မှ လူသေအလောင်း သုံးလောင်းပစ်ချခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁၃ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအား ငွေကြေးလိုသလို ဆော့ကစားနေသည့် တိုင်းပြည်အဖြစ် တံဆိပ်မကပ်ကြောင်း နှင့် အမေရိကန်ဒေါ်လာသည် အလွန်တောင့်တင်းခိုင်မာမှုရှိကြောင်း ဧပြီလ ၁၂ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
ဒါကာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ကော်မရှင်နာမင်းကြီး Anwar Choudhury အား ၂၀၀၄ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော စစ်သွေးကြွအုပ်စုခေါင်းဆောင် တစ်ဦးနှင့် နောက်လိုက် နှစ်ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဧပြီ ၁၂ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) သြင်္ကန် ပွဲတော် တစ်လျှောက် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစား နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး အပြည့်အဝဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။
ချက်ဒ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ချက်ဒ်နိုင်ငံမြို့တော် N’Djamena မြို့တွင် ဧပြီ ၁၂ ရက် နံနက်ပိုင်းက အကျဉ်းသားများလိုက်ပါလာသော ယာဉ်တန်းတစ်ခုအား တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၉ဦးနှင့် လုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း ချက်ဒ်နိုင်ငံ ရှေ့နေချုပ်ကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ဂဏန်းပြင် ကျေးရွာအုပ်စု ကံဘွေကျေးရွာမှ ကျောက်တော်မြို့နယ်သို့ ဘုရားဖူး သွားသော စက်လှေသည် ယနေ့ဧပြီ ၁၃ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင် တိမ်းမှောက်မှု ဖြစ်ပွားကာ ခရီးသည် ၇ ဦး သေဆုံးခဲ့ပြီး...
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်သစ်ကူး အတာ သြင်္ကန် ပွဲတော် အတွက် ရန်ကုန် မြို့တော် မဟာ သြင်္ကန် ဗဟို မဏ္ဍပ်အား ယနေ့ဧပြီ ၁၃ ရက်(သြင်္ကန် အကြိုနေ့)...
မန္တလေး ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ပြောင်းလဲချိန်တန်ပြီ ဆိုသည်နှင့်အညီ ပြည်သူ့အစိုးရက နိုင်ငံတော်ကို ပြန်လည် တည့်မတ် နေချိန်တွင် နိုင်ငံသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးတွင် ကိုယ်စွမ်းဆောင်နိုင်သည့် ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင် ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး...
မော်စကို ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အငြင်းပွားမှုဖြစ်ပွားနေသော ကိစ္စရပ်များကို ဘေးဖယ်ထားပြီး နှစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်အတွက် ဆီးရီးယား ပဋိပက္ခအပေါ် ဆွေးနွေးမှုများဆက်လက်လုပ်ကိုင်သွားရန် နှင့် နိုင်ငံတကာအကြမ်းဖက်ဝါဒကို တိုက်ခိုက်ချေမှုန်းသွားရန် ဧပြီလ ၁၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ယနေ့ဧပြီ ၁၂ ရက်တွင် ရခိုင်ရိုးရာ နံ့သာသွေးပွဲအား ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌...