Connect with us

Social

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ရန်ကုန်မြို ့၌ စတင် ကျင်းပ


ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ကျင်းပလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့ဖြစ်သည့် ယနေ့တွင် ချွန်ချွမ်(Changquan) ၊ နန်ချွမ် (Nanquan) ၊ ထိုက်ကျိချွမ် (Taijiquan) ၊ သောင်းစု (Daoshu) ၊ ကျန့်စု (Jianshu) ၊ နန်သောင်း(Nandao) အားကစားနည်း အမျိုးအစားများအား အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ နှင့် နှစ်ယောက်တွဲ ပွဲစဉ်များအား ယှဉ်ပြိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ တွင် အားကစား သမားများ၏ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံဏနှင့် ဒေသ ၂၁ ခုမှ အားကစား သမား ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစား သမား ၄ ဦး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။မြန်မာ နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် အားကစား သမားများ အနေဖြင့် ငြိမ်းချမ်းကိုကို က (ထိုက်ကျိချွမ် ၊ ထိုက်ကျိကျန့်) ပြိုင်ပွဲကို လည်းကောင်း ၊ သိန်းသန်းဦးက (နန်သောင်း နှင့် နန်ကွမ့်) ပြိုင်ပွဲကို လည်းကောင်း ၊ စန္ဒီဦးက (ကျန့်စု နှင့် ချန်းစု ) ပြိုင်ပွဲကို လည်းကောင်း ၊ အေးသစ္စာမြင့်က (နန်သောင်း နှင့် နန်ကွမ့်) ပြိုင်ပွဲကို လည်းကောင်း ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ တွင် အားကစား သမားများ၏ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိရန် မျှော်မှန်းထားကြောင်း ၊ ပြိုင်ပွဲဝင် အားကစား သမားများ၏ ကြိုးစား အားထုတ်မှု အပေါ် မူတည်၍ ဆုတံဆိပ်များ ရရှိနိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ အပေါ် မျှော်မှန်းချက်များအား မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ တွင် အားကစား သမားများ၏ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ တွင် အားကစား သမားများ၏ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲတွင် ရွေ ၊ ငွေ နှင့် ကြေးတံဆိပ်များ ချီးမြှင့် ပေးသွားမည် ဖြစ်သည့်အပြင် ဆုကြေးငွေ အဖြစ် ပထမဆု တရုတ်ယွမ်ငွေ ၁ သောင်း ၊ ဒုတိယဆု တရုတ်ယွမ်ငွေ ၆ ထောင် နှင့် တတိယဆု တရုတ်ယွမ်ငွေ ၃ ထောင် တို့အား ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ပြိုင်ပွဲများမှ သတ်မှတ်ချက် အဆင့် (၁ ) မှ (၈) အထိ ရရှိထားသူများသာ ယှဉ်ပြိုင်ခွင့် ရှိသော ပြိုင်ပွဲ ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်သည် ကမ္ဘာ့အဆင့် ပြိုင်ပွဲကို အိမ်ရှင် အဖြစ် ပထမဆုံး လက်ခံ ကျင်းပခွင့် ရခဲ့ခြင်း ဖြစ်ပြီး ယခု ပြိုင်ပွဲတွင် ထောက်လု သရုပ်ပြ ပြိုင်ပွဲ တစ်မျိုးတည်းကိုသာ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ပြီး ပထမ အကြိမ် ပြိုင်ပွဲအား ၂၀၁၆ ခုနှစ်တွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ဖူကျိုးမြို ့၌ ကျင်းပခဲ့ပြီး ဖြစ်သည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.