Connect with us

Social

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား မြန်မာ နိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ အားကစား နှင့် ကာယ ပညာ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဝူရှူး အားကစားနည်းသည် ကမ္ဘာပေါ်တွင် တိုးတက် ပြန့်ပွားနေသော အားကစားနည်း တစ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ယခုထက် ပိုမို တိုးတက် ပြန့်ပွားလာစေရေး နှင့် ယခု ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိခဲ့သည့် အတွက် လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက် အဖွင့်အမှာ စကား ပြောကြားခဲ့သည်။အပြည်ပြည်ဆိုင်ရာ ဝူရှူး အဖွဲ့ချုပ်မှ အမြဲတမ်း ဒုတိယ ဥက္က ဋ္ဌ Anthony Goh က ယခု ပြိုင်ပွဲတွင် အားကစား သမားများသည် အားကစား စိတ်ဓာတ် အပြည့်ဖြင့် ပါဝင် ယှဉ်ပြိုင် သွားကြမည် ဖြစ်ကြောင်း အဖွင့် အမှာ စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အားကစားသမား စုစုပေါင်း ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး ၊ အားကစား နှင့် ကာယ ပညာ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနားတွင် 2nd Taolu World Cup ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္က ဋ္ဌ၊ မြန်မာ နိုင်ငံ ဝူရှူး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Li BoBo က မြန်မာ့ ဝူရှူး အားကစား အဆင့်အတန်း တိုးတက်ရေး နှင့် အောင်မြင်မှုများ ရရှိရေး အတွက် မြန်မာ နိုင်ငံ ဝူရှူး အဖွဲ့ချုပ် အနေဖြင့် အမြဲတမ်း ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း ကျေးဇူးတင် စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဝူရှူး အဖွဲ့ချုပ်မှ အမြဲတမ်း ဒုတိယ ဥက္ကဌ Anthony Goh က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

2nd Taolu World Cup ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ၊ မြန်မာ နိုင်ငံ ဝူရှူး အဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာ(ခ) Li BoBo က ကျေးဇူးတင် စကား ပြောကြားစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် နိုင်ငံများက နိုင်ငံ အလိုက် မိတ်ဆက်ခြင်း ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခြင်းများ ပြုလုပ်ခဲ့သည်။ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု) ပြိုင်ပွဲအား နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက် အထိ ၂ ရက်ကြာ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.