Connect with us

Science & Technology

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မှ ရေနံမီးသွေး Petroleum Coke ရောင်းချရန်ကြေညာချက်ထုတ်ပြန်

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထွက်ရှိသည့် ရေနံမီးသွေး Petroleum Coke များကို စက်ရုံရှိလက်ကျန် ရှိသည့်အခြေအနေအပေါ်မူတည်၍ လစဉ်ပြောင်းလဲသတ်မှတ် သည့်ရောင်းဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မှ ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အတွက် ရေနံမီးသွေး ရောင်းဈေးနှုန်းမှာ တစ်မက်ထရစ်တန် လျှင် ၂၂၀,၀၀၀ ကျပ် (ကျပ်နှစ်သိန်းနှစ်သောင်းတိတိ) ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု ဌာန ၊ ဖုန်း- ၀၆၇ ၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ၏ ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117