ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းပြည်နယ် ရှိ ကာ့ဒ်လူမျိုးတို့၏ နယ်မြေတွင် တူရကီနိုင်ငံက စစ်ရေးအရ တိုက်စစ်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၁၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် – သပိတ်တောင်-ညောင် ချောင်း-အောင်ဇေယျ-အငူမော်လမ်း သည် ၄၆ မိုင် ၅ ဖာလုံရှိသည်။ ယခုအခါ အဆိုပါလမ်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး တာပေါင်ချဲ့ခြင်း၊ ဖြုန်း ကျောက်ခင်းခြင်း၊ တံတားများပြုပြင်...
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ မာဒန်မြို့မြောက်ဘက် ၁၈၂ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။
နယ်သာလန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်မြို့ အလယ်ပိုင်းတွင် ဇန်နဝါရီ ၂၆ရက် က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က တွစ်တာတွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာ အမျိုးသားလေကြောင်း (MNA) လိုင်းမှ ပဉ္စမမြောက် နိုင်ငံတကာ ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံ ဖူးခက် မြို့သို့ လာမည့် မတ် ၂၅ ရက်မှ စတင်ကာ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းSMEလုပ်ငန်းများ စာရင်းကောက်ယူခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) မျိုးသုဉ်းပျောက်ကွယ်တော့မည့် မိန်ကောင်ပေါက်သုံးကောင်သဘာဝအတိုင်း ရှင်သန်ရန် မူရင်းအသိုက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများမှ တပ်မှူး ၁၅ဦး အပါအဝင် စစ်သွေးကြွ ၂၀၀ဦး သည် ဇန်နဝါရီ ၂၅ရက်တွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ် အစိုးရထံ လက်နက်ချ၍ အလင်းဝင်လာခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။