Connect with us

Education & Health

မြန်မာနိုင်ငံတွင် အတက်ရောဂါကို လူဦးရေ ငါးသိန်းခန့် ခံစားလျက်ရှိဟုဆို

မြန်မာနိုင်ငံတွင် (၂၀၁၃-၂၀၁၇) လေးနှစ်တာကာလ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် အတက်ရောဂါစီမံချက် အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မကူးစက်တက်သောရောဂါများတွင် အတက်ရောဂါသည် အဖြစ်အများဆုံး အမှတ်စဉ် (၅) အဖြစ်တည်ရှိနေပြီး လူဦးရေ ငါးသိန်းခန့်သည် အတက်ရောဂါခံစားလျက်ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် (၂)ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)တွင်လည်း အတက်ရောဂါအပါအဝင် မကူးစက်တက်သောရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

အတက်ရောဂါနှင့်ပတ်သက်၍ “မြန်မာနိုင်ငံအတက်ရောဂါထိန်းချုပ်ရေးစီမံချက်” ကို ၂၀၁၃ ခုနှစ်တွင် WHO နှင့် UCB pharma တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ၂၀၁၇ ခုနှစ်တွင် ယခင်ကကုသပေးနိုင်ခဲ့သည့် လွှမ်းခြုံမှုဧရိယာ ၂ ရာခိုင်နှုန်း မှ ၄၇ ရာခိုင်နှုန်း အထိ တိုးတက်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အစိုးရလက်ထက်တွင် ယခင်က ထိန်းချုပ်ဆေးဝါးစားရင်းဝင်အဖြစ်ရှိခဲ့ပြီး အတက်ရောဂါ ဝေဒနာကုသရာတွင် ထိရောက်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသည့် phenobarbitone ဆေးဝါးကို စက်မှုဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူဖြန့်ဖြူး၍ အတက် ရောဂါဝေဒနာရှင်လူနာများအား အခမဲ့ကုသပေးနိုင်ခဲ့သည်အထိ အောင်မြင်မှုများရရှိခဲ့ကြောင်း၊အတက်ရောဂါနှင့်ပတ်သက်သော အသိပေးရှင်းလင်းတင်ပြမှုများ၊ ကျန်းမာရေးပညာပေး ခြင်းလုပ်ငန်းများ၊ အသုံးချသုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ် ပြီး သုတေသနလုပ်ငန်းများအတွက် ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ အောက်တိုဘာလ ဘဏ္ဍာ နှစ်အတွက် ရန်ပုံငွေ (၁.၅) ဘီလီယံကျပ် ရရှိထားပါ၍ အတက်ရောဂါသုတေသနများကိုလည်း ဆောင်ရွက်စေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မကူး စက်တက်သောရောဂါများဖြစ်ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ၂၀၁၂ ခုနှစ်တွင်ထုတ်ပြန်သော စာရင်းဇယားများအရ တစ်နိုင်ငံလုံးတွင် သေဆုံးသူအားလုံး၏ ၅၄ ရာခိုင်နှုန်း သည် မကူးစက်တက်သောရောဂါများကြောင့် ဖြစ်ကြောင်းသိရသည်။

အတက်ရောဂါစီခံချက်ဝင် ဧရိယာအား အရှိန်အဟုန်မြှင့်တင်တိုးချဲ့ခြင်းအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပြည်နယ်/ တိုင်းဒေသကြီး (၅)ခု (မွန်၊ ကရင်၊ ကယား၊ ဧရာဝတီ၊ ပဲခူး) တို့ မှမြို့နယ် (၇၃) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်မည်ဟုသိရှိရပြီး အဆိုပါဒေသများတွင် အဆင့်ဆင့်သင်တန်းများ တိုးချဲ့၍ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.