ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ ဗလီကျောင်းတစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်သတိပြုနိုင်ရန် မိုးလေဝသ နှင့်...
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ၏ တတိယအကြိမ်မြောက် အစည်းအဝေးအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဒါလီမြို့၌ ဒီဇင်ဘာလ ၁၅ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီဇင်ဘာလ...
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မာခိုင် (Ma Kai) သည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးကိစ္စ ဆွေးနွေးမည့် One Planet ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီဇင်ဘာလ ၁၂ ရက်တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် အစီးပေါင်း ၇၀အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အစိုးရ ကျောင်းများမှ ကျောင်းထွက်နှုန်း မြင့်မားနေရသောအခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးဆောင်ရွက်မှုများ လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ ဒုတိယ ( ၁၀) ရက်ပတ်တွင် ကျဆင်းနိုင်သည့် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အမ်မန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ (Abdullah II) က အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ခြင်း နှင့်အတူ ပါလက်စတိုင်းတို့၏ လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းကို ဂျော်ဒန်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု...
မော်စကို ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာ နှင့် တရုတ်နိုင်ငံစစ်တပ် ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး တို့ ဒီဇင်ဘာလ ၇ ရက်တွင် တွေ့ဆုံစဉ် တရုတ်-ရုရှား နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ ဒီဇင်ဘာလ ၇ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။