Connect with us

Politics, Law & Military

ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်

ချင်းတွင်းမြစ်တွင်း ခရီးသည်ရေယာဉ်များအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းကြီးတစ်ခုလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့ဟုမ်းပတ်ဝန်းကျင်သိပ္ပံ(SEI)နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ(MEI)တို့နှင့် ပူးပေါင်း လုပ်ကိုင်နိုင်ရန် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေးထိုးနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စတော့ဟုမ်း ပတ်ဝန်းကျင် သိပ္ပံနှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံတို့ ပူးပေါင်း ပြီး ရေအရည်အသွေး တိုင်းတာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်း များကိုလုပ်ဆောင်လျက်ရှိရာ ယင်းလုပ်ငန်းများ ပိုမို ထိရောက်စွာလုပ်ကိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှSEI,MEIတို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ် ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံနှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီးပါက ချင်းတွင်းမြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ယခုထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.