ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘယ်လ်ဂရိတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ မြို့တော် အစွန်အဖျားရှိ လေဆိပ်ငယ်တစ်ခုအနီးအနားတွင် မေ ၁၆ ရက် ညနေပိုင်းက အပေါ့စား လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း RTS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီမြို့၌ အမေရိကန်ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,၀၀၀ တို့ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဂျီနန်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ် မြို့တော် ဂျီနန်းမြို့ မှ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် စုစုပေါင်း ၁၉၀ဦးသည် တစ်နှစ်ကြာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တာဝန်ထမ်းဆောင်ရန်အတွက် မာလီနိုင်ငံသို့ မေ ၁၆ ရက် တွင် ထွက်ခွာလာခဲ့ကြောင်း သိရသည်။
တိုကျို၊ မေ ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ အရှေ့ပိုင်း ကာနိုဒေသ ချီးဘားစီရင်စု ၌ မေ ၁၇ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၁၂နာရီ တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အက်ဒန် ၊ မေ ၁၇ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း ယီမင်အစိုးရစစ်တပ်က အနောက်ပိုင်းဒေသတွင် ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ မေလ ၁၆ ရက်နေ့ သတင်းများအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေ ၁၆ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကယားပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး အတွက် မေ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် လွိုင်ကော်မြို့၌ ကယား ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ မေ ၁၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့က မေလ ၁၆ ရက် ညပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့ ငါးလုပ်ငန်း ဦးစီးဌာနသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း ကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းစိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က မေ ၁၆ ရက်က အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။