Connect with us

Africa & Middle East

ယီမင်အစိုးရစစ်တပ်က ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့

မေလ ၁၀ ရက် ယီမင်မြို့တော်ဆာနားတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် (ဓာတ်ပုံ- ဆင်ဟွာ )

အက်ဒန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း ယီမင်အစိုးရစစ်တပ်က အနောက်ပိုင်းဒေသတွင် ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ မေလ ၁၆ ရက်နေ့ သတင်းများအရ သိရသည်။

ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့၏လေကြောင်းအကူအညီဖြင့် Al Hudaydah ပြည်နယ် အပါအဝင် ယီမင်အနောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဟူသီလက်နက်ကိုင်များကို စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ အနည်းဆုံး ဟူသီလက်နက်ကိုင် ၄၀ ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ကိုင် ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့သည်ဟု ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့ ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျနိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.