ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊မေ ၁၆ ရက် (ဆင်ဟွာ) အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှုှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မေလ ၁၅ ရက်က ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးဆိုင်ရာ စံချိန်စံနှုန်းမမီသည့် ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းများအား ပြုပြင်စေခြင်း၊သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အလျှောက် လိုက်နာမှုမရှိပါက လုပ်ငန်းအား အပြီးတိုင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။
နယူးယောက်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖြင့် မတည်ငြိမ်မှုများရှိနေသောကြောင့် မေလ ၁၅ ရက်တွင် ရေနံဈေးများ မြင့်မားနေကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ ဒဂုံတောင် စက်မှုဇုန်တွင် ရှေ့ပြေးစီမံချက် အနေဖြင့် စတင်ဆောင်ရွက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ကွာလာလမ်ပူ ၊ မေ ၁၆ ရက်(ဆင်ဟွာ) လိင်တူဆက်ဆံမှုစွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသော မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်(Anwar Ibrahim) သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့(မေလ ၁၆ ရက်)တွင် ထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Valiollah Seif အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း မေလ ၁၅ ရက်နေ့ ၌ ကြေညာချက် ထုတ်ပြန်...