ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်(၂၂၀/၃)အနီး စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မတ် ၁၇ရက်နေ့ ညနေ ၃နာရီကျော်တွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်၉လုံး မီးကူးစက်လောင်ကျွမ်းကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မောင်တောကုန်သွယ်ရေးစခန်း၌ ယခုနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ခုနစ်သန်းကျော် တိုးလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါကျေးရွာ အနီး ကျောက်စိမ်းတောင် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွင် မတ် ၁၆ ရက် ည ၁ဝ နာရီ ၄၅ မိနစ်က စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် မြေစာပုံပိ၍ ရေမဆေး...
ပေကျင်း ၊ မတ် ၁၈ ရက်(ဆင်ဟွာ)
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources Engineering Company Limited(UREC) တို့ပူးပေါင်း တည်ဆောက်သည့် သာကေတ (၁၀၆) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး...
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)
မနီလာ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လုဇုန်ကျွန်း(Luzon)၊ ဘုလ်ခန်(Bulacan)ပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်း လူနေအိမ်ပေါ် သို့ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သောကြောင့် လေယာဉ်ပေါ်ရှိ လူ ၆ ဦး နှင့် အိမ်တွင်းရှိ လူ ၁ ဦး သေဆုံးခဲ့ ကြောင်း ဖိလစ်ပိုင်လုံခြုံရေးရဲတပ်ဖွဲ့က ဆိုပါသည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ ဗြိတိန်နိုင်ငံသံရုံးမှ သံတမန် ၂၃ဦးကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၁၇ရက်တွင် ကြေညာခဲ့သည်။ (Xinhua)