Connect with us

Asia

ဖိလစ်ပိုင်တွင် လေယာဉ်ငယ်တစ်စင်း လူနေအိမ်ခြေသို့ ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံး

လေယာဉ်ပျက်ကျမှုကြောင့် ပျက်စီးနေသောလူနေအိမ်ကို တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ လုဇုန်ကျွန်း(Luzon)၊ ဘုလ်ခန်(Bulacan)ပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်း လူနေအိမ်ပေါ် သို့ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သောကြောင့် လေယာဉ်ပေါ်ရှိ လူ ၆ ဦး နှင့် အိမ်တွင်းရှိ လူ ၁ ဦး သေဆုံးခဲ့ ကြောင်း ဖိလစ်ပိုင်လုံခြုံရေးရဲတပ်ဖွဲ့က ဆိုပါသည်။

၎င်း လူ ၆ ဦး စီးနင်းလိုက်ပါလာသည့် အင်ဂျင်နှစ်လုံးတပ်Apacheလေယာဉ်ငယ်မှာ အီလိုဂိုးနော့တီ( Ilocos Norte)ပြည်နယ်သို့ သွားရန် ယနေ့ ၁၁နာရီ ၂၁ မိနစ်ခန့်က ဘုလ်ခန်(Bulacan)ပြည်နယ်လေယာဉ်ကွင်းတစ်ခု မှ စတင် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ပျက်ကျရသည့်အကြောင်းရင်းကို သက်ဆိုင်ရာဌာနများက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ဖိလစ်ပိုင်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.