Connect with us

Local

မောင်တောကုန်သွယ်ရေးစခန်း၌ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ခုနစ်သန်းကျော် တိုးလာ

မောင်တောကုန်သွယ်ရေးစခန်း၌ ကုန်သွယ်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မောင်တောကုန်သွယ်ရေးစခန်း၌ ယခုနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ခုနစ်သန်းကျော် တိုးလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

၂ဝ၁၇ ခုနှစ် ဧပြီလမှ ၂ဝ၁၈ ခုနှစ် မတ် ၁၃ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းကျော် ရှိခဲ့သောကြောင့် ယခုနှစ် တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ခုနစ်သန်းကျော် တိုးလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တော ကုန်သွယ်ရေးစခန်းမှ ၂ဝ၁၇ ခုနှစ် ဧပြီလမှ ၂ဝ၁၈ မတ် ၁၃ ရက်အထိ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော စသည့် ပို့ကုန်ပစ္စည်းတို့ကို တင်ပို့နိုင်ခဲ့ပြီး ဧည့်မထဆန်၊ ငါးသလောက်၊ ငါးစုံလေး ခြောက်၊ ချင်းအစို၊ ငါးမြစ်ချင်း၊ ဆီးယို ထုပ်၊ ရေငန်ပုစွန်၊ ငါးနီတူခြောက်၊ ငါးခေါင်းပွ၊ ရေချိုငါး၊ ဆီးသီးခြောက်၊ နနွင်းနှင့် ပဲအမျိုးမျိုး စသည်တို့ကို အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မောင်တောကုန်သွယ်ရေးစခန်းသည် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏တောင်းဆို ချက်အရ ကျပ်ငွေဖြင့် ပို့ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုထားကာ ကုန်သွယ်မှု လုပ်ငန်းများမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မောင်တော ကုန်သွယ်ရေးစခန်းမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.