မနီလာ ၊ မတ် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဗူးမြို့တွင် ယနေ့မတ်လ ၆ ရက် နံနက်အစောပိုင်းတွင် ဆောက်လက်စ လေးထပ်တိုက် အဆောက်အအုံတန်းလျား တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိများက ဆိုသည်။
ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆...
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ MFF Futsal Open Cup 2018 အားယနေ့မနက် ၈း၃၀ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ထန်းချောင်းကျေးရွာအနီး အမ်း- မအီ ကားလမ်းမိုင်တိုင် (၅/၂)အနီး၌ မတ်လ ၄ရက်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၈ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် နည်းပြချုပ်သစ် ဦးဝင်းသူမိုး လေ့ကျင့်မှုများ စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ လူနာတင်ယာဉ် ၅၅ စီးအား ယခုနှစ်တွင် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ...