Connect with us

Sport

MFF Futsal Open Cup 2018 ပြိုင်ပွဲများ စတင်

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ MFF Futsal Open Cup 2018 အားယနေ့မနက် ၈း၃၀ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများအား သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားရေး၊ အားကစားစိတ်ဓာတ်ဖြင့် ပျော်ရွှင်စွာ ပွဲစဉ်များအား ပါဝင်ကစားရေး၊ ခိုက်ရန်မဖြစ်ဘဲ ပြိုင်ပွဲဝင် အသင်းများအချင်းချင်း အပြန်အလှန်လေးစားခြင်းဖြင့် ပြိုင်ပွဲကြီးအောင်မြင်ရန် ပူးပေါင်းပါဝင်ရေး တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်ဖြစ်သည့် Monster Hero နှင့် Myoma Hla Thida ပွဲစဉ်ကို အတူတကွကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

MFF Futsal ဖေ့ဘုတ်စာမျက်နှာဖြစ်သည့် Facebook@MFFFutsal တွင် ပွဲစဉ်များအား တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲဓာတ်ပုံများ သတင်းများနှင့်ရလဒ်များကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.