Connect with us

Sport

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်သစ် နှင့် လေ့ကျင့်မှု စတင်ပြုလုပ်

အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက်လေ့ကျင့်နေသည့် ကစားသမားတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၈ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် နည်းပြချုပ်သစ် ဦးဝင်းသူမိုး လေ့ကျင့်မှုများ စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်ယှဉ်ပြိုင်ရမည့် ၂ဝ၁၈ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကျင်းပမည့် ကာလအပေါ်မူတည်၍ ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂ဝ၁၈ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မူလက ဇူလိုင်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အိမ်ရှင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက မေလသို့ ပြောင်းလဲကျင်းပခွင့်ရရန် တောင်းဆိုထားရာ မတ် ၁၁ ရက်တွင် သြစတြေးလျ နိုင်ငံ၌ ကျင်းပမည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြုပြီးမှသာ နိုင်ငံတကာခြေစမ်းပွဲကစားမည့် အစီအစဉ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတွင် နည်းပြချုပ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေး၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုးသမား-ဇာဇာမြင့် (အားကစားနှင့် ကာယပညာ ဦးစီးဌာန)၊ သင်းသင်းစိုး (ဇွဲကပင်)၊ မေဇင်နွယ် (မြဝတီ)၊ မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ နောက်တန်း-ဝေဝေအောင်၊ ခင်ပြည့်လင်း၊ အိရတနာဖြိုး (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ခင်သန်းဝေ (မြဝတီ)၊ အေးအေးမိုး (မြဝတီ)၊ ဇင်မာဝင်း (သစ္စာအားမာန်)၊ ဖူးပွင့်ခိုင် (သစ္စာအားမာန်)၊ ငယ်ငယ် ထွေး (သစ္စာအားမာန်)၊ နန်းဇူဇူထက် (မြဝတီ)၊ ဇွန်ယုယဦး (့YREO)၊ ခင်မျိုးဝင်း (အား/ကာသိပ္ပံ)၊ အလယ်တန်း-ခင်မာလာထွန်း၊ သင်းသင်းယု၊ နန့်မေသဇင် (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ ရူပါခိုင်၊ လှယဉ်ဝင်း၊ ခိုင်သဇင် (မြဝတီ)၊ နီလာမြင့်၊ ခင်မိုမိုထွန်း၊ သန္တာမိုး၊ နော်အားလိုဝါးဖော (သစ္စာအားမာန်)၊ သန်းသန်းထွေး(ဇွဲကပင်)၊ ရှေ့တန်း-နုနု၊ ရီရီဦး(အားကစား နှင့် ကာယပညာဦးစီးဌာန)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေ၊ နီလာဝင်း (သစ္စာအားမာန်)တို့ ပါဝင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.