ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းအပါအဝင် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးများ နှင့် ပြည်နယ် များအကြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဆိုမာလီယာ နိုင်ငံ ၏ မြို့တော် မိုဂါဒစ်ရှူး တွင်း တည်ရှိသော ဆိုမာလီယာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး အပြင်ဝ တွင် ဇန်နဝါရီ ၄ ရက်နေ့က ကားဗုံး ဖောက်ခွဲမှု ဖြစ်ပွား ခဲ့ပြီး လုံခြုံရေး...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ အကောက်ခွန်အာဏာပိုင်များသည် ဇန်နဝါရီ၁ရက်က မလေးရှား ရင်းဂစ် ၇.၂သန်း (အမေရိကန်ဒေါ်လာ ၁.၆သန်း) တန် တရားမဝင်ဆင်စွယ်များအား ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ခုနှစ်အစတွင် အကြီးမားဆုံးဖမ်းဆီးရမိသည့် မှောင်ခိုပစ္စည်းများဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ လူဦးရေမှာ ဖြည်းဖြည်းမှန်မှန် ဆက်လက်တိုးတက်လျက်ရှိနေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် ခန့်မှန်းခြေ သန်း ၁ဝဝ ဦး ထိရှိလာနိုင်ကြောင်း ဗီယက်နမ်ပြည်သူ့ရေးရာမူဝါဒ နှင့် စီမံခန့်ခွဲမှုအဖွဲ့(IPPM) က ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်သည်။
ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီးပြိုင်ပွဲ ၌ စံချိန်ချိုးခဲ့ကြောင်း ဒေသခံ သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများအား ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ တစ်ဦးချင်း အလှူရှင်များ ခေါ်ယူ၍ ဌာနမှ ပြုပြင်ခြင်းများဖြင့် ဆောင်ရွက်လျက် ရှိရာ ၇၈ ဆူ...
နယူးဒေလီ၊ ဇန်နဝါရီ ၅ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ ဒေသတွင်းနေ့စဉ်သတင်းစာ တစ်စောင်တွင် အလုပ်လုပ်နေသည့် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင် ပြောကြားခဲ့သည်။
ရာဘက်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်း နာဒေါမြို့ ကမ်းရိုးတန်းအလွန်တွင် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ၏ ရာဘာလှေတိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ၄၅ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
မက်ဒရစ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရီယဲလ်မက်ဒရစ်အသင်းနည်းပြဇနက်တီဇီဒန်းသည် ၎င်း၏အသင်းနည်းပြအဖြစ် တစ်နှစ်ပြည့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၄ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ၁၆ ကြိမ်မြောက် စပိန်ဘုရင့်ဖလားပွဲစဉ် တစ်ခုတွင် အိမ်ကွင်း၌ ဆီဗီလာအသင်းအား ၃ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရလဒ်ကို စွမ်းဆာင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ကာမိုင်းမြို့၏မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ လဝါးစစ်ဆေးရေးဂိတ်၌ ဆပ်ပြာမှုန့်ထုပ်များအောက်၌ ဝှက်၍သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ် အိတ်၁၅၀ခန့် ဖမ်းဆီးရမိကြောင်း ကာမိုင်းနယ်မြေရဲစခန်းထံမှ သိရသည်။ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်တရားမဝင်ပစ္စည်းများသယ်ဆောင်လာခြင်း ရှိ၊ မရှိစစ်ဆေးလျက်ရှိစဉ် မိုးကောင်းမြို့ဘက်မှ ကာမိုင်းမြို့ဘက်သို့ မောင်းနှင်လာသည့် GMC အမျိုးအစား၊...