Connect with us

Asia

မလေးရှားအာဏာပိုင်များက ကန်ဒေါ်လာ ၁.၆သန်း တန်ဖိုးရှိ ဆင်စွယ်များ ဖမ်းဆီးရမိ

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိသည့် ဆင်စွယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ အကောက်ခွန်အာဏာပိုင်များသည် ဇန်နဝါရီ၁ရက်က မလေးရှား ရင်းဂစ် ၇.၂သန်း (အမေရိကန်ဒေါ်လာ ၁.၆သန်း) တန် တရားမဝင်ဆင်စွယ်များအား ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ခုနှစ်အစတွင် အကြီးမားဆုံးဖမ်းဆီးရမိသည့် မှောင်ခိုပစ္စည်းများဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင်ပြောကြားခဲ့သည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အကောက်ခွန်အရာရှိများ ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ၈၄၀ကီလိုဂရမ်အလေးချိန်ရှိသည့် ဆင်စွယ် ၂၅၄ချောင်းပါဝင်ကြောင်း ဆီလန်ဂေါ အကောက်ခွန်ညွှန်ကြားရေးမှူး Hamzah Sundang က ဇန်နဝါရီ ၄ရက် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

၎င်းက ဆင်စွယ်များသည် တူရကီနိုင်ငံ အစ္စတန်ဘူလ် အက်တာတက်ခ် လေဆိပ်တွင် တစ်ထောက်နားပြီး ကင်ရှာဆာအပြည်ပြည်ဆိုင်ရာလေဆိပ် တူရကီလေကြောင်းလိုင်းမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအချိန်အထိ မည်သည့် သံသယရှိသူများကိုမျှ ဖမ်းဆီးထားခြင်းမရှိဘဲ ကုန်သေတ္တာများပေါ်တွင် လိပ်မူထားသည့် ကွာလာလမ်ပူမြို့၊ Cherasခရိုင် ဆိုသည့်လိပ်စာမှာလည်း မှန်ကန်မှုမရှိကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှု လေ့လာစောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ စာရင်းဇယားများအရ ၂၀၀၃ခုနှစ် ဇန်နဝါရီ မှ ၂၀၁၄ခုနှစ် မေလအထိ မလေးရှားနိုင်ငံ နှင့် ပတ်သက်နေသည့် ကမ္ဘာအနှံ့မှ တရားမဝင်ဆင်စွယ်များ ဖမ်းဆီးရမိမှု ၆၆ခုတွင် စုစုပေါင်းဆင်စွယ်အလေးချိန် ၆၃,၄၁၉ ကီလိုဂရမ် ရှိကြောင်း၊ ၎င်းတို့အနက် ၁၉ခုမှာ မလေးရှားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကျန် ၄၇ခုမှာ မလေးရှားဆိပ်ကမ်းများ၏ စစ်ဆေးမှုမှ လွတ်မြောက်သွားသော သင်္ဘောဖြင့် တင်ပို့သည့်ဆင်စွယ်များအား နိုင်ငံပြင်ပ၌ ဖမ်းဆီးရမိမှုများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.