Connect with us

Europe

ရီယဲလ်မက်ဒရစ်နည်းပြ တစ်နှစ်ပြည့်ပွဲစဉ်ကို အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့သည့် ဇီဒန်း

ရီယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်း အားတွေ့ ရစဉ်(ဆင်ဟွာ)

မက်ဒရစ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ရီယဲလ်မက်ဒရစ်အသင်းနည်းပြဇနက်တီဇီဒန်းသည် ၎င်း၏အသင်းနည်းပြအဖြစ် တစ်နှစ်ပြည့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၄ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ၁၆ ကြိမ်မြောက် စပိန်ဘုရင့်ဖလားပွဲစဉ် တစ်ခုတွင် အိမ်ကွင်း၌ ဆီဗီလာအသင်းအား ၃ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရလဒ်ကို စွမ်းဆာင်ပေးခဲ့ကြောင်း သိရသည်။

၎င်းပွဲစဉ်၌ ရီယဲလ်အသင်းတွင် ဒဏ်ရာပြဿနာဖြင့် ကြုံတွေ့နေရသော ဂါရက်ဘေးလ် ပါဝင်ကစားခြင်း မရှိသလို ထိပ်တန်းတိုက်စစ်မှူးနှစ်ဦးဖြစ်သော ရော်နယ်ဒို နှင့် ဘန်ဇီမာ တို့ကိုလည်း အနားပေးထားခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းပွဲစဉ်တွင် ရီယဲလ်ကစားသမား Dani Carvajal က ဆီဗီလား ကစားသမား Victor Iborra အား ပင်နယ်တီဧရိယာအတွင်း ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကို ပင်နယ်တီပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခြင်းမရှိခဲ့သည့် ကွင်းလယ်ဒိုင် Mateu Lahoz ၏ စွမ်းဆောင်ရည်အပေါ် ဆီဗီလားအသင်းက စောဒကတက်ခဲ့သည်။ ရီယဲလ်မက်ဒရစ်အသင်းသည် ပထမပိုင်း ၄၅ မိနစ်တွင် ၎င်းတို့၏အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် James Rodriguez က ရီယဲလ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ Rodriguez သည် ပြီးခဲ့သော ရက်သတ္တပတ်များက ၎င်း၏ စွမ်းဆောင်ရည်ကျဆင်းနေခြင်းအပေါ် ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် Rafael Varena က ပြင်းထန်သော ခေါင်းတိုက်ချက်ဖြင့် အနိုင်ဂိုးတစ်ဂိုး နှင့် James က ပင်နယ်တီစည်းထိပ်မှ အပြင်းကန်သွင်းချက်ဖြင့် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

အဆိုပါနေ့အစောပိုင်းက Alcorcon နှင့် Cordoba တို့ယှဉ်ပြိုင်ကစားသော စပိန်ဘုရင့်ဖလား ပွဲစဉ်တစ်ခုတွင် ဂိုးမရှိသရေပွဲဖြင့် အဆုံးသတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ရီယဲလ်ဆိုစီဒက်က ဗီလာရီယဲလ်အား ၃ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၊ ဗီလာရီယဲလ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားသော ပွဲစဉ်တွင် ဗီလာရီယဲလ်က ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသဖြင့် နောက်တစ်ဆင့်သို့တက်လှမ်းရန် မျှော်လင့်ချက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.