ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) စက်တင်ဘာလ ၄ ရက် နေ့လည် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ကျူးကျော်နေထိုင်သူများအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂ ရက်မှစ၍လက်ဗွေ ရာစနစ်ပါဝင်သည့် စာရင်း သွင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိရာ ၁၅ရက်အတွင်း အပြီးကောက်ယူသွားမည်ဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ် ချုပ်ရေး မှူးရုံးမှ...
ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အခက်အခဲ နှင့် စိန်ခေါ်မှုများ ရှိနေသည့် ကြားက G20 ထိပ်သီးအစည်းအဝေးအား စက်တင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ အောင်မြင်စွာဖွင့်လှစ်လိုက်ကြောင်း နှင့် ယင်း ထိပ်သီးအစည်းအဝေးပွဲသည် နှေးကွေးနေသော ကမ္ဘာ့စီးပွားရေး အား ကောင်းမွန်မြန်ဆန်လာအောင် ဆောင်ရွက်ပေးနိုင်မည့်...
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးMs. Daisy Dell နှင့်အဖွဲ့ နှင့်တွေ့ဆုံစဉ် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများ မှ...
ကာလတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ်ရှိ အဓိက လမ်းမကြီးပေါ်၌ စက်တင်ဘာလ ၄ ရက်က ခရီးသည်တင် ဘတ်စ်ကားနှင့် ကုန်တင်ကား တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၂၁...
ဟန်ကျိုး၊စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တို (Enrique Pena Nieto) နှင့် စက်တင်ဘာလ လ ၄ ရက်ကတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် လက်တွဲဖက်များအဖြစ် ပိုမိုခိုင်မာစွာ ရပ်တည်သွားရန် သဘောတူခဲ့ကြသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာစပါးကြီးမြွေဟု တင်စားခေါ်ဝေါ်ကြသည့် ကချင်တိုင်းရင်းသား MMAကစားသမား အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ကြောင်း၊ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် ပိုလန် MMA ကစားသမားနှင့်ထိုးသတ်မည်ဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ငန်းလာရောက် လုပ်ကိုင်သူများ အဆင်ပြေစေရန် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်းနှင့် ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
တီဟီရန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးသည့် ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်များအား ပြန်လည်ရှင်သန်လာအောင်လုပ်ဆောင်ပေးနိုင်မည့် တရုတ်နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ခံပါကြောင်း အီရန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးစ စီးပွားရေး ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၄ ရက်က ပြောကြားလိုက်သည်။