Connect with us

Social

ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ကျူးကျော်နေထိုင်သူများအား လက်ဗွေရာစနစ်ဖြင့် စာရင်းသွင်း မှု ၁၅ ရက်အတွင်း အပြီးဆောင်ရွက်မည်

ကျူးကျော်တဲတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ကျူးကျော်နေထိုင်သူများအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂ ရက်မှစ၍လက်ဗွေ ရာစနစ်ပါဝင်သည့် စာရင်း သွင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိရာ ၁၅ရက်အတွင်း အပြီးကောက်ယူသွားမည်ဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ် ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ကျူးကျော်နေထိုင်သူများစာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ ခရိုင်၊မြို့နယ်နှင့်ရပ်ကွက်တို့က ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက် ယူရေး အဖွဲ့ဝင် ၃ဝ ၊ ကွန်ပျူ တာ စာရင်းသွင်းသူ ၁၈ ဦးတို့ဖြင့် ယာယီကောက်ခံထားသော ကျူးကျော်စာရင်းများအတိုင်း ဒဂုံ (တောင်ပိုင်း)မြို့ နယ်ရှိ အောင် သိဒ္ဓိဓမ္မာ ရုံသို့ခေါ်ယူကာ စာရင်း သွင်း ကောက် ယူမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုအတွင်း ကျူးကျော်နေထိုင်သူများ ခန့်မှန်းစာရင်းတွင် အရှေ့ပိုင်းခရိုင်၌ လူဦးရေတစ်သိန်းငါးသောင်းကျော်၊ အနောက်ပိုင်း ခရိုင်၌ ရှစ်သောင်းကျော်၊ တောင်ပိုင်းခရိုင်၌ကိုးသောင်းကျော်နှင့်မြောက်ပိုင်းခရိုင်၌တစ်သိန်းခုနစ်သောင်းကျော်ရှိကြောင်း မြဝတီသတင်း တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.