Connect with us

Social

ဗီဇာ သက်တမ်းတိုးခြင်းနှင့် ဖြေလျှော့မှုများ ပြုလုပ် ပေးသွားမည်

နိုင်ငံကူးလက်မှတ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ငန်းလာရောက် လုပ်ကိုင်သူများ အဆင်ပြေစေရန် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်းနှင့် ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

လတ်တလောတွင် စီးပွားရေးလုပ်ငန်းများ လာရောက် လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများ အနေဖြင့် ဗီဇာသက်တမ်းကြောင့် အလုပ်များမပြီးပြတ်မီ နေရပ်သို့ပြန်သွားရသည့်အတွက် နေထိုင်ခွင့်တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရ သည်။

ယင်းကဲ့သို့ ဖြေလျှော့ပေးရာတွင် မြန်မာနိုင်ငံသို့ မရောက်လာမီ တည်းခိုမည့် ဟိုတယ်လိပ်စာနှင့် ပြန်ရန်လက်မှတ်များ အတွက် တောင်းဆိုနေခြင်းတို့မှာ လက်တွေ့မကျသည့် အတွက် ယင်းအချက်များကို ဖြေလျှော့ပေးရန် ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ဗီဇာဖြေလျှော့ပေးရာတွင် နှစ်ကြိမ်ပြည်ဝင်ခွင့်ပြုမည့် ဗီဇာများအဖြစ် လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေး ဗီဇာ၊ နိုင်ငံတကာ အဖွဲ့အစည်းများဗီဇာ၊ ပညာရေး ဗီဇာနှင့် ယာဉ်အမှုထမ်းဗီဇာတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117