Connect with us

Economy

Sino-Myanmar Seminar 2016 ဆီဒိုးနားဟိုတယ်တွင်ကျင်းပ

Sino-Myanmar Seminar 2016 ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

Sino-Myanmar Seminar 2016 ကို ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ် တွင် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ကျင်းပ ခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ SILVER SEA CARTON BOX PRODUCTION Co.,Ltd Chairman ဦးကျော်သန်း က “ဒီပွဲကို လာတက်ဖြစ်တာကတော့ carton box industry ဖိုရမ် ဖြစ်တဲ့ အတွက်ကြောင့် လာတက်ဖြစ်တာပါ။ဒီမှာ ပထမဦးဆုံး လုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။အဲဒီအတွက် အများကြီးလည်း အတွေ့အကြုံရပါတယ်။carton box လုပ်တဲ့အခါမှာ Corrugated Line ကုမ္ပဏီတွေရယ် ၊ printer ထုတ်တဲ့ ကုမ္ပဏီတွေ အဓိက တင်ပြသွားတဲ့ အပေါ်မှာ အများကြီး စိတ်ဝင်စားပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ယနေ့တင်ပြသည့် ကုမ္ပဏီများတွင် ဂျာမဏီနှင့် ဖက်စပ် လုပ်သော BHS ကုမ္ပဏီ တစ်ခု အားလည်းတွေ့ရကြောင်း သိရသည်။ ကျန်သည့်ကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကြသည်။

Sino-Myanmar Seminar 2016 အပြီး အမှတ်တရဓာတ်ပုံရိုက်ကြစဉ် (ဆင်ဟွာ)

ဦးကျော်သန်းကပဲ “ကုမ္ပဏီတွေ အနေနဲ့က သူတို့ မိတ်ဆက်တာ အပြင် နည်းပညာတွေပါ မိတ်ဆက်တာ ဖြစ်တဲ့ အတွက် အများကြီး အတွေ့အကြုံရပါတယ်။Corrugated နဲ့ပတ်သက်တဲ့ အခက်အခဲ အတွေ့အကြုံတွေကို တင်ပြသွားတဲ့ အတွက် သိချင်တဲ့ အခက်အခဲတွေ အားလုံးကို ဆွေးနွေးနိုင်ခဲ့ရတယ်။ဒီဖိုရမ်က တိုင်းပြည်အတွက် အများကြီး လုပ်ပေးရမယ့်ဟာမျိုးတွေ ဖြစ်ပါတယ်။ဘာလို့လဲ ဆိုတော့ နည်းပညာပိုင်းကို မျှဝေဖို့ ဆိုတာက ဒီလို နိုင်ငံတွေက လာပြီး လုပ်ပေးမှသာ ရတဲ့အတွက်ကြောင့် carton box ထုတ်လုပ်တဲ့သူတွေ ကိုယ်စား အင်မတန် ကျေးဇူးတင်ရစရာ ဖြစ်ပါတယ်။’’ ဟုပြောသည်။

ယခုပွဲ ကို ဦးဆောင်ကျင်းပသည့် ကုမ္ပဏီသည် Reed Exhibitions ဖြစ်ပြီး တရုတ်လုပ်ငန်းရှင် ၁၆ ဦး ပါလာကြောင်း သိရသည်။ Carton Box စက်ရုံ ၄၀ လောက် ဖိတ်ကြားခဲ့ကြောင်း၊ ပထမပိုင်းတွင် စက်၏အကြောင်း ၊နည်းပညာအကြောင်း ရှင်းလင်းပြသခဲ့သည်။ တရုတ်နိုင်ငံမှ ပညာရှင်များ ခေါ်ဆောင်လာ၍ မြန်မာနိုင်ငံတွင် နည်းပညာနှင့် ပတ်သက်သည့် Training လာပေးကြောင်း သိရသည်။

G G P.Box Production Manager ဦးအောင်နိုင်က “ဒါက မြန်မာ နိုင်ငံမှာ ပထမဦးဆုံး Carton Box တွေနဲ့ လုပ်တာပါ။ ဒါကို ကျွန်တော်တို့ မြန်မာနိုင်ငံကို ရှိသမျှ carton box စက်ရုံ တွေ စုပြီးတော့ သူတို့ပြပွဲကို တက်ရောက်ဖို့ ဆက်လုပ်သွားမယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ carton box လုပ်ငန်းမှာ နည်းပညာပိုင်းမှာ သူများနိုင်ငံထက် နည်းနည်း နောက်ကျနေတယ်။ အခုတော့ တရုတ် နိုင်ငံက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပိုတိုးတက်တယ်။ပိုတိုးတက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က သူတို့ကို ဖိတ်ခေါ်ပြီးတော့ နည်းပညာပိုင်းတွေ ဆွေးနွေးကြတာပေါ့။မြန်မာနိုင်ငံရဲ့ carton box လုပ်ငန်း တိုးတက်ဖို့ သူတို့လာကူညီပေးတဲ့ သဘောပါ’’ ဟုပြောသည်။

တရုတ်နိုင်ငံဘက်တွင် ၂၀၁၇ ခုနှစ် ၄ လပိုင်းတွင် အဖွဲ့လိုက် သွားရောက်တွေ့ဆုံကြရန် ရန်ရှိကြောင်း၊ ထိုတွေ့ဆုံပွဲ၏ အဓိက ခေါင်းစဉ်သည် Corrugated Industry Forum ဖြစ်ကြောင်း ဦးအောင်နိုင်ကဆိုသည်။

Sino-Lanka Seminar 2016 ကိုလည်း Cinnamon (ဆင်နာမွန်ဟိုတယ်) ကိုလံဘို မြို့တွင် နိုဝင်ဘာ ၂၃ ရက်နေ့၌ ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.